တနင်္သာရီ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(၁၉၅၅)လုံး၊ လူဦးရေ(၃၉၁၀)အား (ပထမ)အကြိမ် အဖြစ် ထိုးနှံပေးပြီးဖြစ်

တနင်္သာရီ  ဩဂုတ်  ၁၀

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အသက်ကြီးအဘိုးအဘွားများ၊ ကျန်းမာရေးဝန် ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ သံဃာတော်နှင့် သာသနာအနွယ်ဝင်များနှင့် နိုင်ငံ ဝန်ထမ်းများ၊ ဈေးရောင်းသူများ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ကိုင်သူများ၊ ယာဉ်မောင်းများ၊ ပုဂ္ဂလိကလုပ်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ဆိုင်လုပ်ကိုင်သူများ၊Taxi မောင်းနှင်သူများ စသဖြင့်ဦးတည်အုပ်စုများအဖြစ်  တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (ပထမ)အကြိမ်အဖြစ် ၃၁-၇-၂၀၂၁ နေ့မှစ၍ ယနေ့ဩဂုတ်လ၉ ရက်နေ့အထိ(၁၀)ရက်တိတိ သတ်မှတ်ပေးထားသည့် ကာကွယ်ဆေးထိုးစုရပ်(၆)ခုအတွင်း ထိုးနှံပေး ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံမှ သိရှိရသည်။

ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုအရ မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်း၏ လမ်းညွှန်မှုဖြင့် တိုက် နယ်ဆေးရုံရုံးစိုက်ရာဒေသများ၊ ကျေးလက်ကျန်းမာရေးဌာနရှိရာကျေးရွာအုပ်စုများတွင် ဆေးထိုးစု ရပ်(၆)ခုခွဲ၍ တစ်ပြိုင်နက်တည်းထိုးနှံပေးခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ်အတွက် Sinopharmကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို (ပထမ)အကြိမ်အဖြစ် (၁၄၃၅)လုံးရရှိခဲ့ပြီး (၆-၈-၂၀၂၁)နေ့မှာ(ဒုတိယ)အကြိမ် နောက်ထပ်(၅၂၀)လုံးကိုထပ်မံရရှိရာ ဆေးလုံးပေါင်း (၁၉၅၅)လုံး ကို လက်ခံရရှိခဲ့ ပါသည်။ သို့ပါ၍ ဆေးတစ်လုံးလျှင်လူ(၂)ဦးထိုးနှံပေးနိုင်သဖြင့် လူဦးရေ(၃၉၁၀)ဦးကို(၁၀)ရက်တာ ကာလအတွင်း အောင်မြင်စွာထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ဆေးထိုးစုရပ်အုပ်စု(၁)အဖြစ် ဇီဝိတသံဃာ့ဆေးရုံနှင့် အမက-ချောင်းငယ်တို့တွင် ချောင်းကြီး ရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်နှင့် ဆင်ခြေဖုန်းကျေးရွာအုပ်စုအတွင်းက ကိုဗစ်-ကာကွယ် ဆေးထိုးရန် ကျန်ရှိသည့် ဦးတည်အုပ်စုများအလိုက် ပြည်သူလူထုဦးရေ(၆၉၀)ဦးအား ကာကွယ် ဆေး(၃၄၅) လုံးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ တကူကျေးရွာအုပ်စု-တကူ(စံပြ)တိုက်နယ်ဆေးရုံတည်ရှိရာ ဆေးထိုးစုရပ်(၂)ကို အထက- တကူကျောင်းအတွင်း တကူကျေးရွာအုပ်စု၊ သာရဘွင်ကျေးရွာအအုပ်စု၊ ဘန်လော ကျေး ရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား တာဝန်ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည် ၏ ကြီးကြပ်မှုဖြင့်ကျန်းမာရေးဆရာမများက ဆေးလုံးရေ(၅၅၀)လုံး၊လူဦးရေ(၁၁၀၀)ဦးကို ထိုးနှံပေးနိုင်ခဲ့ ကြောင်းအလားတူ (၁၆)ကုတင်ဆံ့ မောတောင်တိုက်နယ်ဆေးရုံ ဆေးထိုးစု ရပ်အဖြစ် အထက(ခွဲ)‌မောတောင်ကျောင်း အတွင်း မြို့မရပ်ကွက်၊ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၉)ရပ်ကျေးရွာအုပ်စုနေ ဆေးမထိုးရသေးသော ပြည်သူများအား ဆေးလုံ(၁၃၅)လုံး၊ လူဦးရေ(၃၇၀)ဦးကို မောတောင်မြို့အုပ်ချုပ်ရေးမှူးဦးကျော်ဇင်ထိုက်နှင့် တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာ သီဟအောင်တို့ကကြီးကြပ်၍ ထိုးနှံပေး နိုင်ခဲ့ပြီးဖြစ်ကြောင်း၊အလားတူ အရှေ့မော်တုန်းကျေးရွာအုပ်စုကျန်းမာရေးဌာန ဆေးထိုးစုရပ် အား အမက-ဇလုံးကျောင်းတွင် အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ပဝကျေးရွာအုပ်စု၊ အနောက်မော်တုန်းကျေးရွာအုပ်စု၊လယ်သစ်ကျေးရွာအုပ်စု၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ သာရဖုံ ကျေးရွာအုပ်စုတို့အတွင်းက မိဘပြည်သူပေါင်း (၆၀၀)ဦး၊ ဆေးလုံး(၃၀၀)လုံးအား တနင်္သာရီ မြို့နယ်ပြည်သူ့ဆေးရုံမှအထက်တန်းသူနာပြုဆရာမဒေါ်မာမာစုနှင့်ဆရာမများက ထိုးနှံပေး ခဲ့ကြကြောင်း၊အလားတူ ညောင်ပင်ကွင်းကျေးရွာအုပ်စုဆေးထိုးစုရပ်ကို အထက-ညောင်ပင်ကွင်း အတွင်းညောင်ပင်ကွင်းကျေးရွာအုပ်စု၊ သကျက်ကျေးရွာအုပ်စု၊ တမုတ်ချုန်း ကျေးရွာအုပ်စု၊ သိန်းခွန်းကျေးရွာအုပ်စုနှင့်ချောင်းလမုကျေးရွာအုပ်စုတို့မှ ဦးတည် အုပ်စု အလိုက် မိဘပြည်သူ(၉၅၀)ဦး၊  ဆေးလုံး(၄၂၅)လုံးအား ညောင်ပင်ကွင်း ကျေးလက် ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးမြတ်သီလမှ ကြီး ကြပ်ပြီး ကျန်းမာရေးဆရာမ များပူးပေါင်း၍ ထိုးနှံပေးနိုင်ခဲ့ပြီးဖြစကြောင်း၊အလားတူ သိန္ဓေကျေးရွာအုပ်စု-သိန္ဓောကျေးရွာ စိန်ရတနာဘုန်းကြီးကျောင်း ဆေးထိုးစုရပ်တွင် သိန္ဓောကျေးရွာအုပ်စု၊ ကော့မပြင်းကျေးရွာ အုပ်စုနှင့်သင်္ဘောဦးကျေးရွာအုပ်စုတို့မှဆေးမထိုးရသေးသည့် မိဘပြည်သူ(၂၀၀)ဦး ဆေးလုံး (၁၀၀)လုံးအား တကူ(စံပြ)တိုက်နယ်ဆေးရုံ တာဝန်ခံဒေါက်တာဖြိုးမြင့်ကြည်မှ ကြီးကြပ်၍ ကျန်းမာရေးဆရာမများ၊ ပရဟိတအဖွဲ့များပူးပေါင်းလျက် ထိုးနှံပေးနိုင်ခဲ့ကြောင်း ၊သို့ပါ၍ တနင်္သာရီမြို့နယ်တွင် ဆေးထိုးစုရပ်(၆)ခုအတွင်းမှာ ရပ်ကွက်/ကျေးရွာအသီးသီးမှဆေးထိုးရန် ကျန်ရှိနေသေးသည့် ဦးတည်အုပ်စု(၁၂)ခုအတွက် ဦးစားပေးအစီအစဉ်အတိုင်း (၃၁-၇- ၂၀၂၁)နေ့မှ (၉-၈-၂၀၂၁)နေ့အထိ (၁၀)ရက်တိတိကာလမှာဆေးလုံးရေ(၁၉၅၅)လုံး၊ လူဦးရေ ပေါင်း (၃၉၁၀)ဦးအား(ပထမ)အကြိမ်အဖြစ် တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးကို ထိုးနှံပေး ပြီဖြစ်ပြီး နောက်ထပ် ရက်သတ္တပတ်(၄)ပတ်အကြာတွင် (ဒုတိယ)အကြိမ်အဖြစ် ဆက်လက်ထိုးနှံ ပေးမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းထံက သိရသည်။

သတင်း၊နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)