မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ဆက်လက်ထိုးနှံပေး

မင်္ဂလာဒုံ၊     ဩဂုတ်     ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဩဂုတ် ၃ ရက်နေ့ နံနက် (၁၀)နာရီမှ စတင်၍ မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိုးနှံ ဆောင်ရွက်ပေး လျက်ရှိရာ ဩဂုတ် ၁၀ ရက်နေ့တွင်  ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ကို ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင်  မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးစီးမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်းများ ဆောင်ရွက် ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။ ယနေ့အချိန်အထိ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ လူဦးရေ(၂၀၀၀)ကျော်ထိုးနှံပေးပြီးဖြစ် ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစုရပ်အဖြစ် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၌ စီစဉ်ဆောင်ရွက်ထားရှိပြီး နေ့စဉ်နံနက်(၁၀)နာရီမှ (၁၂)နာရီနှင့် မွန်းလွဲပိုင်းတွင် (၁)နာရီမှ (၃)နာရီအချိန်ထိ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိကြောင်း  မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မင်္ဂလာဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိ ရာ ကာကွယ်ဆေးထပ်မံရရှိလာပါက အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသည့် အသက်(၆၅)နှစ်နှင့်အထက် မိဘပြည်သူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများရှိ ဘိုးဘွား မိဘပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ကာကွယ်ဆေး မထိုးရသေးသည့် နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများ ဟိုတယ်၊ မိုတယ်၊ တည်ခိုခန်းများ၊ အကျဉ်းသား/အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းများ၊ Super Market နှင့် ဈေးများ စသည်ဖြင့် ကျန်ရှိနေသည်များကို စာရင်းများပြုပြီး ဆေးရရှိမှုပေါ်မူတည်၍ သတ်မှတ် ဦးစားပေး အုပ်စုများအလိုက် အဆင့်ဆင့် ဆက်လက်ထိုးနှံပေးသွား နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။ 

 မြို့နယ်(ပြန်/ဆက်)