Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား အဆင်ပြေစေရေးအတွက် နေရာ(၃)နေရာခွဲ၍ ထိုးနှံဆောင်ရွက်ပေး
Aug 10,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး အဆင်ပြေစွာ လာရောက်ထိုးနှံနိုင်ရေးအတွက် ဩဂုတ် ၁၀ ရက်၊ ယနေ့ နံနက်ပိုင်းက နေရာ(၃)နေရာခွဲ၍ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးရာ စုစုပေါင်း ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ ၉၉၂ ဦး ရှိကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ(၁၀)ရက်မြောက် ထိုးနှံပေးလျက်ရှိ
Aug 10,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးမှုကို တားဆီးကာကွယ်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မနိုင်ငံထုတ် Sinopharm ဆေးအမျိုးစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စလင်းမြို့နယ် အတွင်းရှိ ပြည်သူများနှင့် အသက်၆၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ဆက်လက် ထိုးနှံပေးခြင်းလုပ်ငန်းကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျေးရွာများ အတွက် စုရပ်အသီးသီးသတ်မှတ်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ရေစတင်ကျော်သောကြောင့် အရေးပေါ်အခြေအနေ အသိပေးနှိုးဆော်ထား
Aug 10,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင်ရင်းရှည်ရေလှောင်တမံနှင့် မန်းချောင်းရေလှောင်တမံ ရှိသည့်အနက် မန်းချောင်းရေလှောင်တမံသည် ဩဂုတ်လ ၉ ရက်နေ့တွင် ဆည်ရေပြည့်အမှတ် (R.l 625.00) ရှိရာမှ ဩဂုတ်လ ၁၀ ရက်နေ့တွင် (R.L 625.5)သို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ (0.05)ပေအမြင့်အဖြစ် စတင် ရေကျော်လျက်ရှိ၍ တမံ၊ ရေထုတ်ပြွန် နှင့် ဆက်စပ်အဆောက်အဦများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း နှင့် (၂၄)နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း ငဖဲမြို့နယ်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦး ထံမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ ပြည်သူ(၂၆၉၇ )ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးစီး
Aug 10,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ဩဂုတ်လ ၁ ရက်နေ့မှ စတင်ကာ သတ်မှတ်စုရပ်နေရာ(၃)နေရာတွင် ဦးစားပေးအုပ်စုအလိုက်သတ်မှတ်၍ ကျန်းမာရေးဝန်ထမ်း များက ထိုးနှံပေးလျက်ရှိရာ ယနေ့ထိ ပြည်သူ ( ၂၆၉၇ )ဦးအားထိုးနှံပြီးစီးနေ ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသ လေရှီးမြို့ရှိ တူပီချောင်းရေအားလျှပ်စစ်တွင် သဲများပိတ်ဆို့နေမှုကို ရှင်းလင်းဖယ်ထုတ်
Aug 10,2021
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မတူပီချောင်းရေအားလျှပ်စစ်ရေလှောင်ကန်အား သဲများ ပိတ်ဆို့နေမှုကို ယမန်နေ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မြင့် ဦးဆောင်၍ ဌာနဆိုင်ရာများ၊လေရှီးမြို့ပေါ်ရှိ ဒေသခံများ ပူးပေါင်း၍ သွားရောက် ရှင်းလင်းဖယ်ထုတ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Aug 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဩဂုတ် ၁၀ ရက်နေ့ နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ စုရပ်၌ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ထုမြို့၌ နဂါးမောက်ပင်များ စိုက်ပျိုး
Aug 10,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့၌ ဥယျာဉ်ခြံမြေတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်ပင် များ စမ်းသပ်စိုက်ပျိုးရာ ဖြစ်ထွန်းအောင်မြင်မှုရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခင်ဦးမြို့နယ်အတွင်းရှိ လူဦးရေ (၃၄၉၉)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အောင်မြင်စွာထိုးနှံပြီးစီး
Aug 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၆၅)နှစ်နှင့် အထက် ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် (၅) နေရာခွဲပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုထိုးနှံပေးခဲ့ရာ ဩဂုတ်လ ၉ ရက်နေ့က (၃၄၉၉) ဦးကို အောင်မြင်စွာထိုးနှံပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26184
Page
26185
Page
26186
Page
26187
Current page
26188
Page
26189
Page
26190
Page
26191
Page
26192
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department