Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောက်ဦးမြို့ရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ တိုက်ပွဲရှောင်စခန်းများသို့သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများကွင်းဆင်းဆောင်ရွ…
Aug 10,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းဖြစ်ပွားလျက်ရှိသော လတ်တလော အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပြန့်နှံကူးစက်ဖြစ်ပွားလျက်ရှိရာ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး ဒေါ်သူဇာဌေးဦးဆောင်သော တပ်ဖွဲ့ဝင်များမှ ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ တိုက်ပွဲ ရှောင်စခန်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေးအသိပညာပေး ဟော ပြောခြင်းများ သွားရောက်ကွင်းဆင်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ယင်းမာပင်မြို့နယ်တွင် လူဦးရေ (၁၅၀၀) ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး
Aug 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅)နှစ်အထက်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများ၊ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ်လ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ ထိုးနှံပေးလျက်ရှိရာ လူဦးရေ(၁၅၀၀)ဦး ထိုးနှံပြီးစီး ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ်တွင် လယ်မြေဧက ၅၅၀ကျော်အကျိုးပြုနိုင်မည့် ကုန်ထုတ်လမ်း သုံးလမ်း ဖောက်လုပ်ပြီးစီး
Aug 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ သုံးရွာတွင် ကုန်ထုတ်လမ်း သုံးလမ်းနှင့် ကုန်ထုတ် တံတား ခြောက်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်၍ လယ်မြေဧက ၅၅၀ ကျော် အကျိုးပြုမည့်အပြင် ကျေးရွာထုတ်ကုန်ပစ္စည်းများကို ဈေးကွက်သို့အချိန်မီ သယ်ယူ ပို့ဆောင် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် လူဦးရေ ၄၀၀၀ ဦး ထိုးနှံ ပြီး
Aug 10,2021
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ် သော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် အဖြစ် လူဦးရေ ၄၀၀၀ ဦးကို ထိုးနှံပြီး ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့၌ အခြေခံလူတန်းစား အိမ်ထောင်စု ၆၅၅စု ထံသို့ စာသောက်ကုန်များ လက်ဝယ်အရောက် ဖြန့်ဝေပေး
Aug 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၆၅၅ စု ထံသို့ အခြေခံစားသောက်ကုန် သုံးမျိုးကို ဝက်လက်မြို့ အမှတ် ၂ ရပ်ကွက်တွင် နေထိုင်ကြသော ဦးသူရိန်လင်း+ဒေါ်မာမာသင်းမိသားစုမှ သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်း မှ စတင်၍ ယမင်းသူစတိုး ရှေ့တွင် အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကင်တောင်စံပြကျေးရွာ၌ဆက်လက်ထိုးနှံ
Aug 10,2021
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်−၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့်အထက်ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ် ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန်မှ မွန်းလွဲ ၁၂ နာရီအချိန်ထိ ၎င်းနေ့လယ် ၁နာရီ အချိန်မှ ညနေ ၄ နာရီအချိန်ထိ ကင်းတောင်စံပြကျေးရွာအုပ်စု ဘုန်းတော်ကြီး ကျောင်း၌ လူမျိုးဘာသာမရွေး စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်တွေမြို့၌ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး
Aug 10,2021
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့မှ တောင်သူ ဦးကြီးများအား ၂၀၂၁ - ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinophram)အား ဦးစားပေးအုပ်စုအလိုက် လူဦးရေ (၃၀၀၀)ဦး ထိုးနှံပေးပြီးဖြစ်
Aug 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophran) ထိုးနှံပေးခြင်းကို ဩဂုတ်လ(၃)ရက်နေ့မှ စတင်ထိုးနှံပေးခြင်းကို ဩဂုတ်လ ၉ရက်နေ့အထိ လူဦးရေ (၃၀၀၀)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26183
Page
26184
Page
26185
Page
26186
Current page
26187
Page
26188
Page
26189
Page
26190
Page
26191
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department