အမြို့မြို့အနယ်နယ်သတင်းများ

Aug 10,2021

နောင်တရား ဩဂုတ် ၁၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်များကို အခြားတိုင်းဒေသကြီးများသို့ ပေးပို့ လှူဒါန်းပ

Aug 10,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် မြစ်ကြီးနားမြို့အခြေစိုက် ချန်းရှိချင်းယန့်ကုမ္ပဏီလီမိ တက်မှ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး အလုံး ၂၀၀ ပေးပို့ လှူဒါန်းမှုအား လက်ခံရယူသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါးဆင်ဝါးနော် ခန်းမ ၌ ကျင်းပပြုလုပ်သည်။
Aug 10,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဇူလိုင်လနောက်ဆုံးပတ်မှ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျ ချောင်းရေများ ကျဆင်းလာမှုကြောင့် မြေနိမ့်ပိုင်းနှင့်တစ်ချို့ကျေးရွာများတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ ရေဘေးရှောင်ပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှိုင်းဘွဲမြို့နယ် အတွင်း ရေဝင်ရောက်သည့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများ အတွက် ဆန်အိတ် များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 10,2021
မူဆယ်မြို့ နန်းတော်ဂိတ်ဖြစ်သော နယ်စပ်ဝင်/ထွက်ဂိတ်တွင် တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်တလျောက် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်နေထိုင်ကြသည့် မြန်မာနိုင်ငံသားများသည်၊ ကိုဗစ်၁၉ ရောဂါပြန့်နှံ့နေမှုကြောင့် မိခင်နိုင်ငံသို့နေ့စဉ်နှင့်အမျှ ပြန်ဝင်လာလျက်ရှိရာ (ပိတ်ရက်မရှိ) ၂၆.၇.၂၀၂၁ မှစတင်ပြီး ၉.၈.၂၀၂၁ ရက်နေ့အထိ အမျိုးသား ၂၂၀၈ဦး၊အမျိုးသမီး ၂၉၉၇ဦး၊စုစုပေါင်း ၄၂၀၅ဦး ပြန်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။
Aug 10,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ဘုရားကြီးရပ်ကွက်၊ အိမ်တော်ရာဘုရားဝင်းအတွင်း၌ အသက် ( ၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အပါအဝင်ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် (၉း၀၀)နာရီအချိန်မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရပါသည်။
Aug 10,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သစ်တောဦးစီးဌာနက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး မိုးရာသီ ကာလ အမြင့်နှစ်ပေအထက် သစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက သာစည်မြို့ လေဘာတီဂေါက်ကွင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 10,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြင်ဘုငယ်ကျေးရွာတွင် ကာကွယ်ဆေး မထိုးနှံရသေး သော သံဃာတော်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့နံနက် ၈ နာရီခွဲ က ပြင်ဘုငယ်ကျေးရွာ၊ အလကကျောင်း၌ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။