တွန်းဇံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားကျင်းပ

တွန်းဇံ        ဩဂုတ်       ၁၀

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင်  ယနေ့နံနက်(၉)နာရီအချိန်တွင် ကျင်းပသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ဌာနဆိုင်ရာဝန်ထမ်း(၁၆)ဦး၊ ဝန်ထမ်း မိသားစု(၅)ဦး၊ ဘာသာရေးအသင်းခေါင်းဆောင်(၁၄)ဦး၊ အသက်(၆၅)နှစ်နှင့်အထက်ရှိသူ (၅၅)ဦး၊ Volunteer/ ပရဟိတ (၁၄)ဦး၊ Volunteer/ပရဟိတမိသားစု(၅)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်း (၄)ဦးနှင့် ဈေးသည် (၁၃)ဦး စုစုပေါင်း(၁၂၆)ဦးကိုလည်းကောင်း ကျီခါးမြို့ အား/ကာခန်းမတွင် ဌာနဆိုင်ရာ ဝန်ထမ်း(၁)ဦး၊ Volunteer/ပရဟိတ(၂)ဦးနှင့်အသက်(၆၅)နှစ်နှင့်အတထက်ရှိသူ(၂၃)ဦး စုစုပေါင်း(၂၆) ဦး ကို လည်းကောင်း တွန်းဇံမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်သူ(၁၅၂)ဦး အား ထိုးနှံပေးပြီးဖြစ်သည်။

တွန်းဇံမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၁၀၄၀)လုံး ခွဲဝေချထားပေးလျက်ရှိရာ လက်ရှိတွင်(၁၅၂)လုံး အသုံးပြုခဲ့ပြီး(၈၈၈)လုံး ကျန်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် ပြည်သူများကို ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)