အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2025
မကွေးတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက် ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တပ်မတော်အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မျိုးဆက်သစ်လူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။
Oct 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောင်ပွဲကျင်းပနိုင်ရေး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကို (ပထမအကြိမ်) ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ ကပ်ထားကြေညာလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒေသခံပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြသည်။
Oct 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များအသိပညာ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တက်ဆိပ်ကျောင်း၌ ယနေ့နံနက်(၁၀း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 13,2025
ကျိုက်မရောမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျိုက်မရော မြို့နယ်မီးသတ်စခန်းရုံး သင်တန်းခန်းမ၌ ပြုလုပ်သည်။
Oct 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၅)ကိုဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အခြေခံမီးသတ်ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို တစ်လကြာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Oct 13,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီး၌ မဲပေးပိုင်ခွင့်ရှိသူမဲစာရင်းများကို ပထမအကြိမ်အဖြစ် ရပ်ကွက် ကျေးရွာအုပ်စုများအလိုက် ကပ်ထားကြေညာလျက်ရှိရာ မဲဆန္ဒရှင်မဲပေးပိုင်ခွင့်ရှိသူများမှ မိမိတို့၏အမည်ပါမပါ မဲစာရင်းများကို လာရောက်ကြည့်ရှု့လျက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက မဲစာရင်းတိကျမှန်ကန်ရေးအတွက် ကြိုးစားပြင်ဆင်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၃ ရက်နေ့အထိ မဲစာရင်းမှန်ကန်စေရန် ဒေသခံပြည်သူ ၄၉၅၉ ဦးအားပြင်ဆင် ဆောင်ရွက်ပေးထားပြီးဖြစ်ကြာင်း သိရသည်။
Oct 13,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားလာစေ​ရေးနှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူစေ​ရေးအတွက် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနမှမြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာ ရပ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကအ-ထ-က(၁) ကျောင်း၌ ကျင်းပပြုလုပ်သည်။
Oct 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့၀င်များ လေ့ကျင့်‌ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီ၌ အမှတ်(၇)ရပ်ကွက် မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။