ကြို့ပင်ကောက်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ရေး ကြိုးစားဆောင်ရွက်လျက်ရှိ

ကြို့ပင်ကောက် အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီး၌ မဲပေးပိုင်ခွင့်ရှိသူမဲစာရင်းများကို ပထမအကြိမ်အဖြစ် ရပ်ကွက် ကျေးရွာအုပ်စုများအလိုက် ကပ်ထားကြေညာလျက်ရှိရာ မဲဆန္ဒရှင်မဲပေးပိုင်ခွင့်ရှိသူများမှ မိမိတို့၏အမည်ပါမပါ မဲစာရင်းများကို လာရောက်ကြည့်ရှု့လျက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက မဲစာရင်းတိကျမှန်ကန်ရေးအတွက် ကြိုးစားပြင်ဆင်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၁၃ ရက်နေ့အထိ မဲစာရင်းမှန်ကန်စေရန် ဒေသခံပြည်သူ ၄၉၅၉ ဦးအားပြင်ဆင် ဆောင်ရွက်ပေးထားပြီးဖြစ်ကြာင်း သိရသည်။

အဆိုပါပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ဒေသခံပြည်သူများက လာရောက်ကြည့်ရှု့လျက်ရှိကြာင်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ အမည်မပါဝင်၍ ပုံစံ(၃)ဖြင့် လျောက်ထားသူ ၁၇၁ ဦး၊ မြေပြင်စာရင်းကျန်ရှိသူ ၆၃၉ ဦး၊ နိုင်ငံ့ဝန်ထမ်းများ ပုံစံ (၃-က)ပြင်ဆင်သူ ၆၁ ဦး၊ ခရီးလွန်၍ပြန်‌ ရောက်သူ ၄၀၁၈ ဦး၊ အချက်အလက်များ မှားယွင်းနေ၍ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူမရှိကြောင်း စုစုပေါင်းယနေ့အချိန်ထိ မဲစာရင်းပြင်ဆင်ထပ်တိုးသူ ဒေသခံပြည်သူ ၄၈၈၉ ဦးရှိသွားပြီဖြစ်ကြောင်းနှင့် သေဆုံးသွား၍ ပုံစံ(၄)ဖြင့်ကန့်ကွက် ပယ်ဖျက်သူ ၇၀ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးမှ သိရသည်။

ကြို့ပင်ကောက်မြို့နယ်အတွင်း ပထမအကြိမ် ရွေးကောက်ပွဲအား ရပ်ကွက် (၁၀) ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၄၀)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများမှ မိမိအမည်ပါမပါနှင့် မဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် မဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရန် ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် မဲစာရင်းများကိုသတ်မှတ်နေရာများတွင် စက်တင်ဘာ(၃၀)ရက်နေ့မှ အောက်တိုဘာလ(၂၀)ရက်နေ့အထိ ကြေညာထားရှိမည် ဖြစ်ကြောင်းသိရသည်။

ဇေယျာထွန်း (ပြန်ဆက်)