အမြို့မြို့အနယ်နယ်သတင်းများ

Oct 03,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူလျက်ရှိရာ ယမန်နေ့က ညောင်လေးပင်ခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောက်တံခါးမြို့နယ်အတွင်းရှိ   ရပ်ကွက်/ ကျေးရွာများတွင်  ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
Oct 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များသည် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ သန်းခေါင်စာရင်းကောက်ကွက်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှ စတင်ကောက်ယူခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ဆက်လက်၍ ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိသည်။
Oct 03,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်သန်းခေါင် စာရင်းကောက်ယူရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များနဲ့အတူ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ကောက်ကွက်အလိုက် ကောက်ယူဆောင်ရွက်လျက်ရှိသည်။
Oct 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က မူလွန်တပ်ကုန်းကျောင်းနှင့် ဝန်လိုကျောင်း၌ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
Oct 03,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကိုယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 03,2024
မန္တလေးမြို့မှ ရောင်းချသော နှစ်စဉ်ရိုးရာ ရာသီကုန်ဖြစ်သည့် သီးတင်းကျွတ်မီးထွန်းပွဲတော်အတွက် ရောင်စုံမီးပုံးများ မန္တလေးဈေးကွက်နှင့် နယ်ဒေသများသို့ တင်ပို့ရောင်းချပေးလျက်ရှိနေကြောင်း သိရသည်။
Oct 03,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ဆက်လက်ကောက်ယူလျက်ရှိသည်။