ထန်းတပင်(ရန်ကုန်) အောက်တိုဘာလ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၅)ကိုဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အခြေခံမီးသတ်ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို တစ်လကြာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဖြိုးဝေစိုးတို့က တူညီဝတ်စုံများကို အရန်တပ်ဖွဲ့ဝင်များထံသို့ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့်လက်တွဲကာ ပူးပေါင်း၍ ဆောင်ရွက်သွားနိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၅)ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးမင်းအောင်ဦးဆောင်၍ သင်တန်းနည်းပြဆရာ (၅)ဦးတို့မှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးတို့ကို အခြေခံမီးသတ်ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို တစ်လကြာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)