အမြို့မြို့အနယ်နယ်သတင်းများ

Oct 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ချောင်းဝရပ်ကွက်ရှိ မီးသတ်စခန်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Oct 13,2025
ဧရာဝတီတိုင်း​သေ​ကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ  တောင်သူများ ကော်ဖီသီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရေး၊ နှစ်ရှည်သီးပင်များကြားတွင် ကော်ဖီပင် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ်ဧရိယာတိုးတက်ကာ မြန်မာ့​ကော်ဖီကမ္ဘာ့စျေးကွက်သို့ ထိုးဖောက်နိုင်ရေးရည်ရွယ်၍ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် စုပေါင်းစိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက် (၈:၀၀) နာရီက ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Oct 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က မိုင်းရှူးမြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 13,2025
ပြည်ထဲရေးဝန်ကြီးဌာန၊ ချမ်းအေးသာစံမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သည့် အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အောင်နန်း ရိပ်သာအရှေ့ရပ်ကွက်ရှိ ယူနန်တရုတ်ဘုံကျောင်း၊ ခန်းမ(၂)၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 13,2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စုရှိ ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော်မြတ်အား ဖူးမြော်ကြည်ညိုခဲ့ပြီး အလှူငွေများလှူဒါန်းခဲ့သည်။
Oct 13,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ  အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ  ၁၅ ရက်မှ စတင်၍  ကျင်းပလျက်ရှိရာ ယမန်နေ့ညနေပိုင်းက အကြိုဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်)ပထမပွဲစဉ်ကို မြို့နယ်ကျောက်တိုင် အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။
Oct 13,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်နှင့် (ဆ)ရပ်ကွက်တို့တွင်‌ အောက်တိုဘာ ၁၂ ရက်နေ့ယမန်‌‌နေ့ နံနက်ပိုင်းကစတင်၍ အသက်(၁၈)နှစ်နှင့်အထက် မဲဆန္ဒရှင် လူဦးရေစာရင်းများအား ‌မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည်။
Oct 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၅ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါ ရုံးသင်တန်းခန်းမတွင် ကျင်းပပါသည်။