ကျိုက်မရော၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်

ကျိုက်မရော အောက်တိုဘာ ၁၃

ကျိုက်မရောမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျိုက်မရော မြို့နယ်မီးသတ်စခန်းရုံး သင်တန်းခန်းမ၌ ပြုလုပ်သည်။

ဦးစွာကျိုက်မရော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်ဗိုလ်မှူးမျိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်သောင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်သင်တန်းလေ့ကျင့်ရေး အစီအမံများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင်များအားတူညီ ဝတ်စုံများကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ ရပ်ကွက်၊ ကျေးရွာများမှအရန်မီးသတ် တပ်ဖွဲ့ဝင် သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ကြပြီးသင်တန်းကာလမှာ အောက်တိုဘာ ၁၃ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ (၄)ပတ်ကြာမြင့်မည် ဖြစ်ပြီးသင်တန်း၌ မီးငြိမ်းသတ်နည်း၊ ရှာဖွေကယ်ဆယ်ရေးသင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)