လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့၀င်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီ၌ အမှတ်(၇)ရပ်ကွက် မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်ကမီးသတ်တပ်ဖွဲ့ဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်း ဖွင့်လှစ်ရခြင်းမှာ မီးဘေးလုံခြုံရေး၊ သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါ၀င်ဆောင်ရွက်ကြရန်နှင့် ပို့ချသည့် သင်ခန်းစာများကို ဂရုတစိုက်ကြိုးကြိုးစားစား သင်ယူလေ့လာမှတ်သားကြရန် လိုအပ်ကြောင်း မိန့်ခွန်းပြောကြားသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုးနှင့်အဖွဲ့ဝင်များ၊ သင်တန်းသားဦးရေ(၅၀)ဦး တက်ရောက်လျက်ရှိပြီး စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)