အမြို့မြို့အနယ်နယ်သတင်းများ

Oct 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး‌ရေးရာတို့ပူး‌‌ပေါင်း၍ ကျောင်းသား/သူများ ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယမန်‌နေ့ နံနက် ၁၀ နာရီအချိန်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပြပွဲများပြုလုပ်ခြင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 04,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာ၊ ပုဂံမြို့ဟောင်း၊ ရွာဟောင်းကြီးဘုရားအနီး အနော်ရထာနှစ်လမ်းသွား ကားလမ်းမကြီးပေါ်တွင် ယမန်နေ့ညနေ ၅ နာရီအချိန်က ကုက္ကိုပင်လဲကျလမ်းပိတ်ဆို့နေခြင်းအား ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
Oct 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်‌အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Oct 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် တည်ငြိမ်အေးချမ်းစွာဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို ရပ်ကွက်နှင့်ကျေးရွာအုပ်စုအသီးသီး၌ မြို့နယ်စာရင်းစစ်စာရင်းကောက်များက ဆက်လက်ကွင်းဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
Oct 04,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံပိုလျှံစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဆောင်းသီးနှံထောပတ်ပဲ ၇၇၃၂ ဧက လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများက သတ်မှတ်လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းများ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
Oct 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မြို့နယ်အဆင့်စာရင်းစစ်/ စာရင်းကောက်များက စတုတ္ထရက် ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
Oct 04,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နံနက်ပိုင်းမှစတင်၍ ယနေ့စတုတ္ထရက်မြောက်နေ့ထိ မြို့ပေါ်နှင့် ရပ်ကွက်/ ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း ဆက်လက်ကောက်ယူလျက်ရှိသည်။
Oct 04,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.က(ယောဒေါင့်)နှင့် အ.မ.က(စစ်ကိုင်းကျွန်း)ကျောင်းတို့တွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။