ဖြူးမြို့နယ်၌ ကျောင်းသား/သူများ ပညာရည်မြင့်မားလာစေရေး မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည် ပြိုင်ပွဲကျင်းပ

ဖြူး အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားလာစေ​ရေးနှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူစေ​ရေးအတွက် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနမှမြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာ ရပ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကအ-ထ-က(၁) ကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါပြိုင်ပွဲကို ဖြူးမြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်းများမှ Grade-5 မှ Grade-9 ထိ အင်္ဂလိပ်စာဘာသာရပ်စွမ်းရည်ပြိုင်ပွဲတွင် (၇၃)ဦး၊ သင်္ချာ ဘာသာရပ်စွမ်းရည်ပြိုင်ပွဲတွင် (၇၉)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၁၅၂)ဦးသည်(၁၃-၁၀-၂၀၂၅) မှ (၁၄-၁၀-၂၀၂၅) ထိ (၂) ရက်တာ ​ဖြေဆိုယှဥ်ပြိုင်ကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)