အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2024
ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
Oct 08,2024
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာနှင့် ကျည်တောင်ကန် အမှတ် (၁) ရပ်ကွက်တို့တွင် စာကြည့်တိုက်အသစ် ဆောက်လုပ်မှုအခြေအနေအား ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်အခြေပြု နွားမေထုန်မဲ့သားစပ်သင်တန်း သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြသည်။
Oct 08,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် စက်တင်ဘာလ ၂၁ ရက်နေ့မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် ဆပ်ဆပ်ယိုချောင်း Shelter ကျိုးပဲ့ပျက်စီးသွားခြင်းကြောင့် ယနေ့နံနက် (၇)နာရီအချိန်က တရုတ်ကောအုပ်စု သဖန်းကုန်းကျေးရွာနှင့် ​ကွမ်းခြံစုကျေးရွာမှ  ဆည်ရေသောက်တောင်သူလယ်သမားများစုပေါင်း၍ သဲအိတ်(၅၀၀)လုံးဖြင့် ကိုယ်အားကိုယ်ကိုးပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
Oct 08,2024
၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာ ၁ ရက်မှ စတင်စာရင်းကောက်ယူလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အနေဖြင့် ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
Oct 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း​လုပ်ငန်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းကောက်ယူလျက်ရှိရာ အောက်တိုဘာ(၇) ရက်နေ့အထိ ကောက်ကွက်ပေါင်း (၂၉၄) ကွက် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Oct 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားဖိတ်ခေါ် U(23) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ည‌နေပိုင်းက နဝရတ်အားကစားခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အား‌ပေးခဲ့ကြသည်။
Oct 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များက အောက်တိုဘာလ (၁)ရက်နေ့မှစ၍ မြစ်သားမြို့နယ်နှင့် ကူမဲမြို့အတွင်းရှိ ရပ်ကွက်‌/ကျေးရွာများသို့ သန်ခေါင်စာရင်း‌ကောက်ကွက်များ ကောက်ယူလျက်ရှိရာ မြို့နယ်သန်ခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။