အမြို့မြို့အနယ်နယ်သတင်းများ

Oct 16,2025
ပုလောမြို့နယ် ပညာရေးမှူးရုံး၏ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီက ပုလောမြို့ အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို အောက်တိုဘာ ၁၄ ရက်နံနက်က အမက(ဟွေအော)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 16,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုကြသည်။
Oct 16,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ “အောင်”စက်သုံးဆီအရောင်းဆိုင်အား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) (FSC)ကနဦးဆောင်ရွက်ခြင်းကို အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ပေးခဲ့သည်။
Oct 16,2025
 ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၄ ရက်နေ့နံနက် ၁၀ နာရီအချိန်က မှော်ဘီမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် စပ်လျည်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပသည်။
Oct 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အောက်တိုဘာ ၁၄ ရက်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Oct 16,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေး ရေရှိရေးနည်းလမ်းများအလိုက် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးမျိုးကွဲ(၅)မျိုး ဧကပေါင်း(၅၂၃၃၄)ဧက စိုက်ပျိုးထားကြောင်း သိရသည်။