ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးမျိုးကွဲ (၅)မျိုး ဧကပေါင်း (၅၂၃၃၄)ဧကစိုက်ပျိုး

ကျောက်ဆည် အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေး ရေရှိရေးနည်းလမ်းများအလိုက် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးမျိုးကွဲ(၅)မျိုး ဧကပေါင်း(၅၂၃၃၄)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

မိုးစပါးများစိုက်ပျိုးရာ၌ ဧရာမင်းစပါးမျိုး (၅၀၂၃၉)ဧက၊ မနောသုခစပါးမျိုး(၄၅၅)ဧက၊ ရွှေမနော်စပါးမျိုး(၁၅၆၉)ဧက၊ အောင်နိုင်တိုးစပါးမျိုး(၂၉)ဧက၊ GW-11စပါးမျိုး(၄၂)ဧက စုစုပေါင်း(၅၂၃၃၄)ဧက စိုက်ပျိုးထားကြောင်းနှင့် စမာစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ ကျေးရွာအုပ်စု(၉)အုပ်စု၌ (၇၅၀၈)ဧက၊ တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ ကျေးရွာအုပ်စု(၁၈)အုပ်စု၌ (၉၅၉၃)ဧက၊ မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ ကျေးရွာအုပ်စု(၁၂)အုပ်စု၌ (၅၉၇၀)ဧက၊ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ ကျေးရွာအုပ်စု(၁၅)အုပ်စု၌ (၁၀၁၄၅)ဧက၊ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ ကျေးရွာအုပ်စု(၁၁)အုပ်စု၌ (၉၂၄၅)ဧက၊ သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ ကျေးရွာအုပ်စု(၁၁)အုပ်စု၌ (၉၈၇၃)ဧက စုစုပေါင်း(၅၂၃၃၄)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

စပါးသီးနှံများအောင်မြင်ရေး ကျောက်ဆည်ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများမှ မျိုးများ၊ စိုက်နည်းစနစ်များ၊ သွင်းအားစုများနှင့် စိုက်ပျိုးရေများ စနစ်တကျကူညီပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးစပါးများစိုက်ပျိုးရာတွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ အောင်နိုင်တိုး၊ GW-11၊ GW-18 စပါးမျိုးများ အဓိကထားစိုက်ပျိုးကြပြီး စပါးသီးနှံများအောင်မြင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့အနေဖြင့် တောင်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်မောင်၊ ကျောက်ဆည်