ပုလော အောက်တိုဘာလ ၁၆
ပုလောမြို့နယ် ပညာရေးမှူးရုံး၏ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီက ပုလောမြို့ အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲမှာ မူလတန်းနှင့် အလယ်တန်းအဆင့်ဖြစ်ကြောင်း၊ သင်္ချာစွမ်းရည်တွင် ၂၄ ဦး၊ အင်္ဂလိပ်စာစွမ်းရည်တွင် ၂၄ ဦး စုစုပေါင်း ၄၈ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ဆုရရှိသူများကို မြို့နယ်ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း ပညာရေးမှူးရုံးမှ သိရသည်။
ပုလော (ပြန်/ဆက်)