Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးညှင်းမြို့နယ် ဆင်ဘိုကုန်းကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေမှုအခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Oct 15,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ဆင်ဘိုကုန်းကျေးရွာ၌ ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေမှုအခြေအနေများကို ယမန်နေ့နံနက်(၁၀)နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းခရိုင်အဆင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Oct 15,2025
ပဲခူတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ခရိုင်အဆင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက နတ်တလင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Oct 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.မ.က(မူလွန်)သရက်ချောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Oct 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Oct 15,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၁)ကျောင်းနှင့် အ.ထ.က (၃)ကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အလုံခရိုင်၊ အလုံမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Oct 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချနိုင်ရေးအတွက် ဈေးရောင်းဈေးဝယ်သူများကို အင်ဖက်၊ ငှက်ပျောဖက်များဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Oct 15,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဈေးရောင်းဈေးဝယ်များအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်၊ ငှက်ပျောဖက်များ ဖြန့်ဝေပေးခြင်းကို အောက်တိုဘာ ၁၃ ရက်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာမိတ်ဆက်ခြင်း အခမ်းအ…
Oct 15,2025
မုံရွာတက္ကသိုလ်သည် သင်ကြားသင်ယူမှုနည်းစနစ်များ၊ ဆန်းသစ်သောသုတေသနများနှင့် ဘဝတစ်သက်တာ လေ့လာသင်ယူမှုတို့ဖြင့် ဦးဆောင်နိုင်သောပညာရေး အဖွဲ့အစည်းအဖြစ် ရပ်တည်ရန် မျှော်မှန်ပြီး လုပ်ငန်းတာဝန်နိုင်ငံနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ကုန်ထုတ်လုပ်မှု အထောက်အကူပြုအသိပညာ၊ အတတ်ပညာမြင့်မားသော ပညာရှင်များထွန်းကားလာစေရေး အတွက် လေ့လာသင်ယူလိုစီဘီရှိသော ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖနီတီးရန်၊ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို နိုင်ငံတကာအဆင့်နှင့်အညီ လေ့လာသုံးသပ်ရန်၊ ဆရာ/ဆရာမများ၏ သင်ကြားသင်ယူသူ နည်းလမ်းများကို ပိုမိုကောင်းမွန်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆန်းသစ်သောသုတေသနများကို ဖော်ဆောင်၍ သုတေသန ရလဒ်များကို လက်တွေ့နယ်ပယ်တွင် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ရန်၊ လူတိုင်း လက်လှမ်းမီသည့် ဘက်စုံပညာရေးမှတစ်ဆင့်ဘဝတစ်သက်တာသင်ယူနိုင်ရေးအတွက် အခွင့်အလမ်းများကိုဖန်တီးဝေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်းများကို ပြုစုပျိုးထောင်၍ ဉာဏ်ရည်ဉာဏ်သွေးနှင့် တစ်ကိုယ်ရည်တိုးတက်မှုကို မြှင့်တင် ဆောင်ရွက်ရန်၊ နိုင်ငံတကာပညာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှ အစီအစဉ်များကိုမြှင့်တင်ရန် စတဲ့လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ G-12 ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2590
Page
2591
Page
2592
Page
2593
Current page
2594
Page
2595
Page
2596
Page
2597
Page
2598
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department