မိုင်းပန်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မိုင်းပန် အောက်တိုဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အောက်တိုဘာ ၁၄ ရက်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က လူငယ်ရေးရာများအကြောင်း၊ လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ဟောပြောခဲ့ပြီး လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)