Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၅ ခုနှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပ
Oct 06,2025
ဆရာအတတ်ပညာရေးဦးစီးဌာန၊ ရန်ကုန်ဇုန် ၂ ကျင်းပရေးကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့်နေ့၌ ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားများပြား
Oct 06,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေးတွင်တည်ရှိသော ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားတွင် ဘုရားဖူးပြည်သူများနှင့်နေ့စဉ်စည်ကားလျက်ရှိပြီး ယနေ့နံနက် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးပြည်သူများနှင့် ပိုမိုစည်ကားများပြားလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့ သမိုင်းဝင်ကျိုက်မှော်၀န်းရေလယ်စေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင်ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးစည်ကား
Oct 06,2025
ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်ခရိုင် ကျောက်တန်းမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်က ကျိုက်မှော်၀န်းရေလယ်စေတီတော်မြတ်ကြီးတွင် မြန်မာသက္ကရာဇ် ၁၃၈၇-ခုနှစ် သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းမှစတင်ကာ သမိုင်းဝင်ကျိုက်မှော်၀န်းရေလယ် တော်စေတီတော်မြတ်ကြီးတွင် ဥပုသ်သီတင်းသီလဆောက်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေးနံ့သာများဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းကြသူများနှင့် အနယ်နယ်/အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ တောင်သူများ YAR-14 မိုးစပါးများ ရိတ်သိမ်း
Oct 06,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ တောင်သူများ YAR-14 မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိရာ တစ်ဧက တင်း ၁ဝဝ ကျော်ထွက်ရှိကြကြောင်း ဗျက်ကြီး၊ ကြူတောကန်၊ နတ်ပုတီးနှင့် လယ်ဦးစုကျေးရွာရှိ တောင်သူများထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် မုံရွာမြို့ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား
Oct 06,2025
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ပင်ဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ရွှေစည်းခုံစေတီတော်မြတ်ကြီးနှင့် အခြားသောတန်ခိုးကြီးဘုရားစေတီများတွင် အောက်တိုဘာလ ၆ ရက်နေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့်လည်းကောင်း၊ မုံရွာမြို့ ဗိုလ်ချုပ်လမ်းအနီးအနောက်ဘက်ကန်သာယာနှင့် အရှေ့ဘက်ကန်သာယာတို့ရှိ ပြည်ထောင်စုရင်ပြင်၊ လွတ်လပ်ရေးရင်ပြင် တို့အပြင် ကျောက္ကာလမ်းအနီးရှိ ပြည်သူ့ဥယျာဥ်တို့တွင် အများပြည်သူ အပန်းဖြေလာရောက်ကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်၊ မီးမျှောပူဇော်ပွဲ၊ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များပြိုင်ပွဲနှင့်…
Oct 06,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အောက်တိုဘာလ (၅) ရက်နေ့၊ ညနေပိုင်းကပဲခူးမြို့၊ သီတင်းကျွတ်မီးထွန်းပွဲတော်၊ မီးမျှောပူဇော်ပွဲ၊ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များပြိုင်ပွဲနှင့် ယိမ်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားတို့အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရန်အတွက် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာ
Oct 06,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရန် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာထားခြင်းကို ရန်ကင်း မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူစာရင်း(နည်းဥပဒေ-၄)တွင်ပါဝင်သည့်မဲဆန္ဒရှင်ပြည်သူအမည်စာရင်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကစက်တင်ဘာ၃၀ရက်မှစတင်၍ ကြေညာသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့၌ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများဖြင့် စည်ကားများပြား
Oct 06,2025
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာ ၆ ရက်တွင် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ရှိ တန်ခိုးကြီးဘုရားစေတီများ၊ ရပ်ကွက် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများတွင် ဥပုသ်သီလဆောက်တည်ခြင်းများ ကုသိုလ်ဒါနပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2587
Page
2588
Page
2589
Page
2590
Current page
2591
Page
2592
Page
2593
Page
2594
Page
2595
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department