ကွမ်းခြံကုန်း အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက် ၂၅နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို အောက်တိုဘာ ၁၃ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးရဲတင့်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများကစတင်၍ ကစားလျက်ရှိကြောင်း သိရသည်။ အဆိုပါဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြိုင်ပွဲဝင်အားကစားသမားများ၊ တက်ရောက်ကြပြီး ပြိုင်ပွဲအား (၁၃-၁၀-၂၀၂၅)ရက်နေ့မှ (၁၇-၁၀-၂၀၂၅)ရက်နေ့အထိ အသင်း(၈)သင်းဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)