ကံမမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကံမ အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုကြသည်။

အဆိုပါစွမ်းရည်ပြိုင်ပွဲဖြေဆိုရာ၌ ကျောင်းသား၊ ကျောင်းသူများသည် စာဖြေခန်းများအတွင်း ရေးဖြေဖြေဆိုကြပြီးနောက် ဘာသာရပ်အလိုက် နှုတ်မှုစွမ်းရည်များအား ဆက်လက်ဖြေဆိုယှဉ်ပြိုင်ကြရသည်။ ထိုသို့ဖြေဆိုကြရာတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၅၁)ဦးနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ၌ ကျောင်းသား၊ ကျောင်းသူ(၉၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၄၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း (ကံမ)