ဆင်ပေါင်ဝဲ အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ “အောင်”စက်သုံးဆီအရောင်းဆိုင်အား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) (FSC)ကနဦးဆောင်ရွက်ခြင်းကို အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) (FSC) ကနဦးဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနချုပ်၏ သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုရှိ/မရှိအား မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဦးဆောင်သော မြို့နယ်မီးသတ်ဦးစီးအရာရှိဦးဆန်းဝင်းနှင့် တပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း (ဆင်ပေါင်ဝဲ)