မင်းကင်း စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့ နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့နှင့် ဓာတ်မြေသြဇာ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန ၊မြို့နယ်ဦးမှူးရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက. စိုက်ပျိုးရေး အတွက် မျိုးစေ့နှင့် ဓာတ်မြေသြဇာ ထောက်ပံ့ ပေးအပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မို့မို့က. စိုက်ပျိုးရန် မျိုးစေ့များနှင့် ပိုးသတ်ဆေး များ၊ ဓာတ်မြေသြဇာ များ အကြောင်း ကို ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော တောင်သူများနှင့် စိုက်ပျိုးရာတွင် အခက်အခဲများနှပတ်သက်၍ မေးမြန်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စီးပွားဖြစ် မိုးစပါး မျိုးစေ့ထုတ် စံပြကွက် ၇၅ ဧကရှိ ကျေးရွာအုပ်စု ၃ အုပ်စုမှ တောင်သူများအား ကွန်ပေါင်းနှင့် ပိုတက် ဓာတ်မြေသြဇာ ၊မျိုးစေ့များ၊ အီးအမ်၊ ဝါးပေါင်းခံရည်များကို ထောက်ပံ ပေးအပ်ခဲ့သည်။
ထို့နောက် Home Garden စိုက်ပျိုးမည့် ကျေးရွာ ၁၅ ရွာမှ တောင်သူ ၂၅ဦးနှင့် မြို့နယ်ပညာရေးမှူးရုံးအတွက် ဟင်းသီးဟင်းရွက် မျိုးစေ့၊ သဘာဝ ရွက်ဖျန်းဆေးများကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မေသက်(ပြန်/ဆက်)