Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖွဲ့ဝင်များနှင့် တွေ့ဆုံ
Oct 19,2025
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်ကျော်နှင့်အဖွဲ့ဝင်များသည် မဲစာရင်းမှန်ကန်ရေးနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက တွေ့ဆုံကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Oct 19,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် စနစ်တကျ မဲပေးတတ်စေရန် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက အ-ထ-က(၁) ပညာ့ဗိမာန်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်၌ မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Oct 19,2025
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဒေသတွင်းနှမ်းမျိုးနှင့် စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် မိုးနှမ်းစိုက်ခင်း(၃၅)ဧက လျာထာစိုက်ပျိုးလျက်ရှိရာ နိတုံကျေးရွာ၌ သိပ္ပံနည်းကျ တန်းဆွဲစနစ်ဖြင့်စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ဒေသခံတောင်သူများ စားသုံးဆီပိုလျှံနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ် ၂၀၂၅ ပညာသင်နှစ် ပထဝီဝင်(မိသားစု)၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်ချီးမြှင့်
Oct 19,2025
လွိုင်ကော်တက္ကသိုလ် ၂၀၂၅ ပညာသင်နှစ် အဝေးသင်သင်တန်းများအား စတင်ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိရာ အဝေးသင် သင်တန်း ပထဝီဝင်(မိသားစု)၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ပင်မဆောင် ကိန္နရာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွိုင်ကော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကြက်ဥစားသုံးမှုဖူလုံစေရေး၊ မွေးမြူရေးခြံများ၏ ထုတ်လုပ်မှုမြင့်မားစေရေးနှင့် ကူးစက်ရောဂါများက…
Oct 19,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်သည် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွေးဝင်းနှင့်အတူ အောက်တိုဘာလ (၁၉)ရက်နေ့ နံနက် ၉ နာရီအချိန်တွင် နောင်ချိုမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်နေပြီဖြစ်သော ဥစားကြက်မွေးမြူရေးခြံများသို့ မြို့နယ်အတွင်း ကြက်ဉစားသုံးမှုဖူလုံစေရေး၊ မွေးမြူရေးခြံများ၏ ထုတ်လုပ်မှုမြင့်မားစေရေးနှင့် ကူးစက်ရောဂါများကင်းဝေးစေရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြစ်ကြီးနားခရိုင်ဘဏ်ခွဲမှ (၂၀၂၅) ဆောင်းရာသီ စိုက်ပျိုးစရိတ် ငွေကျပ် (၁၀၃၇) သိန်း ထုတ်ချေးပေးရန် လျာထား
Oct 19,2025
နိုင်ငံတော်အတွင်း လယ်ယာထွက်ကုန်များတိုးတက်ထုတ်လုပ်နိုင်ပြီး နိုင်ငံသားများ၏ စားနပ် ရိက္ခာဖူလုံစေရေးနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်၍ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်များကို အတိုးနှုန်း သက်သာစွာဖြင့် ရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ဘဏ်ခွဲအနေဖြင့်လည်း (၂၀၂၅) ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်ဗန်းမော်ခရိုင်အတွင်းမှ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်
Oct 19,2025
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ကျောင်းတိုက်(၁၉)တိုက်မှ သံဃာတော်များအား နဝကမ္မဝတ္ထုငွေနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေ၊ စိတ္တသုခကျောင်းတိုက်၊ စိတ္တသုခဗိမ္မာန်တော်တွင် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Oct 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာတွင် တောင်သူများစိုက်ပျိုးထားသည့် ဆင်းသုခမျိုးစပါးစိုက်ခင်းအား စပါးအထွက်နှုန်းများသိရှိစေရန်အတွက် အောက်တိုဘာလ (၁၆)ရက်နေ့က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2560
Page
2561
Page
2562
Page
2563
Current page
2564
Page
2565
Page
2566
Page
2567
Page
2568
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department