Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းဆတ်မြို့၌ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေး
Oct 20,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် မိုင်းထလန်းကျေးရွာအုပ်စု၊ယောင်းခကျေးရွာ၌ အောက်တိုဘာ ၁၉ ရက်က မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်သည်။ အခမ်းအနားတွင် ဒေသခံမဲဆန္ဒရှင်ပြည်သူ (၁၁၇၃)ဦးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် လက်တွေ့စမ်းသပ် မဲပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ပခုက္ကူ)မှ ရက်ကန်းပညာရပ်များတိမ်ကောပပျောက်မှု မရှိစေရေး ပညာရှင်များမွေးထုတ်
Oct 20,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကြီးကြပ်မှု အောက်ရှိ ပခုက္ကူမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရေးသင်တန်းများဖွင့်လှစ်ပြီး ရက်ကန်းပညာရှင်များမွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ် ဉာဏ်ကျွန်း-အောင်သာယာတဲတန်း-ကန်ညီနောင် ဆက်သွယ်ရေးလမ်း ကွန်ကရစ်ခင်း
Oct 20,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ခရမ်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဉာဏ်ကျွန်း-အောင်သာယာတဲတန်း-ကန်ညီနောင် ဆက်သွယ်ရေးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်
Oct 20,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် နောင်ချိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် မဲရုံအဖွဲ့ဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို နောင်ချို မြို့နယ်ခန်းမ၌ အောက်တိုဘာ ၁၈ရက်နှင့်၁၉ရက်တို့တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သမိုင်းဝင်ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့၌ ရွှေကြာသင်္ကန်း ကပ်လှူပူဇော်မည်
Oct 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌ ပဉ္စမအကြိမ် ရွှေကြာသင်္ကန်း ဆက်ကပ်ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း အသိပေးကြေညာ
Oct 20,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းများကို ယနေ့ နံနက်ပိုင်းကစတင်ပြီး မူဆယ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားရှိသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေး
Oct 20,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာရာပြည်သူများ စိတ်ပါဝင်စားစွာကြည့်ရှု
Oct 20,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က စိစစ်ရွေးချယ်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလေ့လာနိုင်စေရန် ကပ်ထားကြေညာ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2557
Page
2558
Page
2559
Page
2560
Current page
2561
Page
2562
Page
2563
Page
2564
Page
2565
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department