အမြို့မြို့အနယ်နယ်သတင်းများ

Oct 16,2024
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နေ့လယ်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပသည့် အာဆီယံအပေါင်းသုံးအရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသောဆန်တန်ချိန် (၂၀.၂၁) တန်အား ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လွိုင်လင်လေးမြို့ရှိ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု (၅၈)စုသို့ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် ဆန်ရိက္ခာဖိုး တစ်လစာ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။
Oct 16,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် တောင်မန်းကျေးရွာတွင် ပြည်သူများ စာပေအသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောက်လုပ်မည့် စာကြည့်တိုက်အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ စာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
Oct 16,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများအား အောက်တိုဘာ ၁ ရက်မှစတင်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးသန်းခေါင်စာရင်း ကော်မတီများ၊ စာရင်းစစ်၊ စာရင်းကောက် ဆရာ၊ဆရာမများ ပူးပေါင်း၍ ကောက်ယူခဲ့သည်။
Oct 16,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သမော်အင်းကျေးရွာတွင် ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။
Oct 16,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ရှိ မြို့ပေါ် ၆ ရပ်ကွက်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၅ ရက်နေ့အထိ နေ့စဉ်တာဝန်ရှိသူများက ကွင်းဆင်းကောက်ယူခဲ့ရာ ပြည်သူများဝိုင်းဝန်းကူညီမှုဖြင့် ရာနှုန်းပြည့် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
Oct 16,2024
မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော် ကိန်းဝပ်အပူဇော်ခံမည့် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်ရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Oct 16,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊နမ့်စန်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အမှတ်(၃)ရပ်ကွက်ရှိ မြို့ကျက်သရေဆောင် ဣစ္ဆာသရအလိုတော်ပြည့် ဓာတုစွယ်တော် စေတီတော်မြတ်ကြီး၏ (၁၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ည ၇ နာရီက အဆိုပါစေတီတော်တည်ရှိရာ အတုလကာရီကျောင်းတိုက်အတွင်း ကျင်းပခဲ့ကြောင်းသိရသည်။
Oct 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ (၁၅၂)ကြိမ်မြောက် ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လဆန်း (၁၂)ရက်နေ့မှ လပြည့်​ကျော် (၁)ရက်နေ့အထိ (၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ယနေ့သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့တွင် ဘုရားဖူးပြည်သူများ၊ ရွှေသင်္ကန်းကပ်လှူပူဇော်သူများနှင့် စည်ကားလျက်ရှိသည်။