Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့သောင်းမြို့တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်)ဆုရရှိခဲ့သော ပြိုင်ပွဲဝင်များအား…
Oct 20,2025
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်) ဆုရရှိခဲ့သော ကော့သောင်းခရိုင်မှ ပြိုင်ပွဲဝင်များအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို အောက်တိုဘာလ (၁၈) ရက်နေ့ညပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ (ဗဟိုအဆင့်)နှင့် (တိုင်းဒေသကြီးအဆင့်)ဆုရရှိခဲ့သော ဆုရပြိုင်ပွဲဝင်များ၊ အုပ်ချုပ်နည်းပြသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ပြည်သူများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေး
Oct 20,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် တောင်ထီဗွာကျေးရွာအုပ်စု နန်းပန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ ရဟန်းရှင်ပြည်သူများအား အထူးကုဆရာဝန်များက ကျန်းမာရေးစစ်ဆေးမှုများနှင့် ဆေးကုသမှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့အဝင် တရုတ်လှလမ်းဆုံ (Photogenic Spot) နေရာနှင့် မြေယာရှုခင်းအလှတို့ဖွင့်လှစ်
Oct 20,2025
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့သည် (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသောမြို့ကြီးများဆုကို မြန်မာနိုင်ငံကိုယ်စားပြုရရှိခဲ့ပြီး သန့်ရှင်းသောရေ၊ သန့်ရှင်းသောလေ၊ သန့်ရှင်းသောမြေ ဖြစ်စေရေး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် အစဉ်အမြဲစိမ်းလန်းစိုပြည်စေရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နှစ် (၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့အဝင် တရုတ်လှလမ်းဆုံ၌ (Photogenic Spot) နေရာနှင့် မြေယာရှုခင်းတို့ကို ထပ်မံဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ…
Oct 20,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ခုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ သဲဖြူကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးအား အမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြည်နယ် အတွင်းရှိ ဒေသခံမျက်စိရောဂါဝေဒနာ ခံစားနေရသူများအား စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ ဆန်နှင့် ကြက်ဥများကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေး
Oct 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၌ ယနေ့နံနက်က အိမ်ထောင်စု တစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့တွင် ကျောင်းသား/သူများကို ဆုံဆို့မေးခိုင်နှင့် ကျောင်းသူလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Oct 20,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် အသက် ၅ နှစ်မှ ၇ နှစ် KG ကျောင်းသား/သူများအား ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် အသက် ၉ နှစ်မှ ၁၀ နှစ် ကျောင်းသူမလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံစုံ ၃၀၂၆၂ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်
Oct 20,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်စိုက်ပျိုးသည့် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံစုံ ၃၀၂၆၂ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်းသီးနှံ ၃၀၅၀ ဧက လျာထားစိုက်ပျိုးမည်
Oct 20,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်း ၃၀၅၀ ဧက လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2558
Page
2559
Page
2560
Page
2561
Current page
2562
Page
2563
Page
2564
Page
2565
Page
2566
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department