Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ရိုးရာဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Oct 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အနော်ရထာမင်းကြီး လက်ထက်မှစ၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဆင်အကအလှပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေသာလျောင်း တောင်ခြေဆင်အကအလှပြိုင်ကွင်း ဗဟိုမဏ္ဍပ်တွင် ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ဆင်အကအလှပြိုင်ပွဲသို့ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ် တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ နယ်မြေခံတပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဆင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ရေစက်ချ မင်္ဂလာအခမ်းအနား တက်ရောက်
Oct 16,2024
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဝါတွင်းကာလ သံဃာတော်အပါး(၅၀၀)နှင့် သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်လောင်းလှူပွဲနှင့်ရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်လောင်းလှူ ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပ၍ စိမ်းလန်းစိုပြည်စေရေး ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ကမ်းပါးထိန်းနှစ်…
Oct 16,2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေး၍ စိမ်းလန်းစိုပြည်လာစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း၍ ကောင်းမွန်သော လူမှုပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ညနေ (၃)နာရီက ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပံ့ပိုးကူညီမှု ဖြင့်တိုးချဲ့ဆောင်ရွက်သည့် ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်းလ…
Oct 16,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမတည်ပေးထားသည့် ငွေကျပ် ၈ ဘီလီယံကို စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး မတည်ရင်းနှီးပံ့ပိုးပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ် လွယ်ခေါကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တောင်သူ ဦးအောင်ဆွေ၏ ရာဘာခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ သြဝါဒစရိယဆရာတော်ကြီးများအား သီတင်းကျွတ်ပူဇော်ကန်တော့ပွဲနှင့် သြဝါဒခံယူပွဲအခမ်းအနား ကျင်းပ
Oct 16,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး ဂန္တဝင်ကိုးခန်းသိမ်တော်မြတ်ကြီး၌ ယနေ့နံနက်ပိုင်းက သြဝါဒစရိယ ဆရာတော်ကြီးများအား သီတင်းကျွတ်ပူဇော်ကန်တော့ပွဲနှင့် သြဝါဒခံယူပွဲအခမ်းအနား ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောက်ဆည်မြို့ သီတင်းကျွတ်ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲဖွင့်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
Oct 16,2024
အနော်ရထာမင်းလက်ထက်မှ စတင်၍ ရိုးရာမပျက် ကျင်းပလာသည့် နှစ်ပေါင်း ၉၀၀ ကျော် ရှိပြီဖြစ်သော မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ် ကျောက်ဆည်မြို့ သီတင်းကျွတ်ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ခြေတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဆင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း) ၌ (၄၂) ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပ
Oct 16,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့ အခြေခံပညာအထက်တန်း (သဲကုန်း) တွင် ကျောင်းသား၊ ကျောင်းသူဟောင်းများမှ ဆောင်ရွက်သော (၄၂) ကြိမ်မြောက် မြတ်ဆရာအာစရိယပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက အဆိုပါကျောင်းရှိ သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူပြီးစီး
Oct 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ ကောက်ယူခဲ့ရာ လွိုင်လင်မြို့နယ်တွင် ကောက်ကွက်ပေါင်း (၂၅၈)ကွက်ကို ယမန်နေ့က ကောက်ယူပြီးစီးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2559
Page
2560
Page
2561
Page
2562
Current page
2563
Page
2564
Page
2565
Page
2566
Page
2567
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department