ကျိုက်မရောမြို့နယ်၌ မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျိုက်မရော အောက်တိုဘာ ၁၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဒေသတွင်းနှမ်းမျိုးနှင့် စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် မိုးနှမ်းစိုက်ခင်း(၃၅)ဧက လျာထာစိုက်ပျိုးလျက်ရှိရာ နိတုံကျေးရွာ၌ သိပ္ပံနည်းကျ တန်းဆွဲစနစ်ဖြင့်စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ဒေသခံတောင်သူများ စားသုံးဆီပိုလျှံနေကြောင်း သိရသည်။

အဆိုပါနှမ်းများကို သိပ္ပံနည်းကျ တန်းဆွဲစနစ်ဖြင့် စိုက်ပျိုးကြပြီး ထယ်ရေးကောင်းမွန်စွာမြေပြင်ပြီး မိမိတို့လိုအပ်သော အပင်ကြား၊ အတန်းကြားရရှိရေး နွားထွန်ဖြင့် ထွန်ကြောင်းအကျယ်ပေးပြီး နို့ဆီဗူးခွံဖြင့် ပြုလုပ်ထားသည့် နှမ်းစိုက်ကိရိယာြဖင့် စိုက်ပျိုးရကြောင်း တန်းဆွဲစနစ်ဖြင့် စိုက်ပျိုးခြင်းသည် ပေါင်းပေါက်စရိတ်သက်သာစေပြီး တစ်ဧကအပင်ဝင်ဆန့်မှုပြည့်မီရေး နှမ်းပင်များ သားခွဲရာတွင်လည်းကောင်း ပေါင်းမြက်များရှင်းလင်းရာတွင်လည်းကောင်း လွယ်ကူပြီး လိုအပ်သည့်အခါ ရေသွင်းရာ၌ ထိန်းညှိသွင်းနိုင်သဖြင့် အပင်ဖြစ်ထွန်းမှုကောင်းမွန်ပြီး အထွက်နှုန်းလည်းကောင်းမွန်ကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။

ကျိုက်မရောမြို့နယ်တွင် ဒေသတွင်း ဆီထွက်သီးနှံဖူလုံရေးအတွက် မိုးနှမ်းအပြင် မိုးမြေပဲများကိုလည်း စိုက်ပျိုးကြသဖြင့် ဒေသတွင်းစားသုံးဆီဖူလုံမှုရှိကြောင်း နှမ်းမျိုးနှင့်မြေပဲမျိုးများကိုလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝယ်ယူပြီး နည်းပညာများကိုလည်း စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများက ကူညီပံပိုးလျက်ရှိ​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)