အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်တွင် တည်ထားကိုးကွယ်သော ရတနာမာရ်အောင်ဘုရားရင်ပြင်တော်တွင် (၁၂)ကြိမ်မြောက် နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Oct 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း (၃)ထပ်ဆောင်ခန်းမတွင် အောက်တိုဘာ(၁၅)ရက် နံနက်(၁၀)နာရီက ကျောက်ဆည်အသင်း(ရန်ကုန်)မှ ၂၀၂၃-၂၀၂၄ခု ပညာသင်နှစ်ကျောက်ဆည်ခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်သား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 15,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ ၂ ရက်မှ စတင်၍ စာရင်းကောက်ယူလျက်ရှိသည်။
Oct 15,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မျှစ်များကို တစ်နှစ်တာပတ်လုံး စားသုံးနိုင်ရန်နှင့် မျှစ်များရှားပါလာချိန်၌ ရောင်းချနိုင်ရန် မျှစ်ခြောက်များ ပြုလုပ်သိုလှောင်ထားကြကြောင်း သိရသည်။
Oct 15,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် မိုးစပါးစံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်ပိုင်းက ကျိုက်လှကျေးရွာအုပ်စုရှိ ကွင်းအမှတ်-၆၈၇(ခ)၊ ဦးပိုင်အမှတ်(၃/၇) တောင်သူ ဒေါ်ရီစိန်၏လယ်၌ ကျင်းပကြောင်း သိရသည်။
Oct 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း၌ ဝါကျွတ်လက်ဆောင် သီတင်းကျွတ်ရောင်စုံမီးထွန်း ကလေးကစားစရာအရုပ်များ ရောင်းအားကောင်း မိသားစုအဆင်ပြေလျက်ရှိကြောင်း မြန်မာ့ရိုးရာလက်မှုရောင်စုံမီးထွန်းအရုပ်များ ပြုလုပ်ရောင်းချသူများထံမှ သိရသည်။
Oct 15,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ အဋ္ဌမစက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက တောင်ထောင့်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာတွင် ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသော သီးနှံများပြန်လည်ကုစားနိုင်ရန် နည်းပညာပေးဆွေးနွေးခြင်းနှင့် ရေကြီးနစ်မြုပ်ခဲ့သည့် သီးနှံများ အစားထိုး စိုက်ပျိုးနိုင်ရန် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို အောက်တိုဘာ လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာ နည်းပညာပေးစင်တာ၌ ကျင်းပခဲ့သည်။