ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်ဗန်းမော်ခရိုင်အတွင်းမှ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်

အောင်မြေသာစံ အောက်တိုဘာ ၁၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊‌ ကျောင်းတိုက်(၁၉)တိုက်မှ သံဃာတော်များအား နဝကမ္မဝတ္ထုငွေနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို မန္တလေး၊‌ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေ၊ စိတ္တသုခ‌ကျောင်းတိုက်၊ စိတ္တသုခဗိမ္မာန်‌တော်တွင် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတောင်ခြေ၊စိတ္တသုခ‌ ကျောင်းတိုက်ဆရာတော် ဦးဣန္ဒက၊ ဗန်းမော်မြို့နယ်သံဃာ့နာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော် ဦးကေသဝ အမှူးပြုသော ပင့်သံဃာများ၊ ဗန်းမော်ခရိုင်အတွင်းမှ ကျောင်းတိုက်(၁၉)တိုက်မှ ကျောင်းထိုင်ဆရာတော်များနှင့် သံဃာတော်များကြွရောက်တော်မူကြပြီး ကချင် ပြည်နယ်အစိုးရ၊ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်ဇနီး သုဓမ္မသိင်္ဂီ ဒေါ်သွဲ့လေးအောင်၊ ဗန်း‌မော်ခရိုင်သာသနာ‌ရေးမှူး ဦးထွန်းလင်း၊ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊မန္တ‌လေး‌ရောက် ဗန်းမော်သူ၊ ဗန်းမော်သားများတက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ ကန်ဦးကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များနာယူကြသည်။ ထို့‌နောက် ကချင်ပြည်နယ်အစိုးရ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် မိသားစုတို့က ဗန်းမော်ခရိုင်ရှိ ကျောင်းတိုက် (၁၉) တိုက်မှ တိုက်အုပ်ဆရာတော်တစ်ပါးလျှင် နဝကမ္မဝတ္ထု‌အလှူငွေကျပ် ဆယ်သိန်းစီ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာယူကြသည်။ ထို့‌နောက် ကြွ‌ရောက်တော်မူကြသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)