ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာတွင် တောင်သူများစိုက်ပျိုးထားသည့် ဆင်းသုခမျိုးစပါးစိုက်ခင်းအား စပါးအထွက်နှုန်းများသိရှိစေရန်အတွက် အောက်တိုဘာလ (၁၆)ရက်နေ့က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
စံကွက်ရိတ်သိမ်းပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းလွင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးတို့က အမှာစကားများ ပြောကြားခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက စပါးတစ်ဧကအထွက်နှုန်းတိုးပွားရေး ဒေသခံတောင်သူများအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ အောင်နိုင်သစ္စာကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက နိုင်ငံခြားသို့ စပါးတင်သွင်းမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ရေပေါ်သောင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၃)-က၊ ဦးပိုင်အမှတ်(၅၉)၊ ဧရိယာ(၂.၀၀)ဧက၊ တောင်သူ ဦးသန်းထွန်းလေး၏ စိုက်ပျိုးထားသည့် ဆင်းသုခမျိုးစပါးစံပြကွက်စိုက်ခင်း(၀.၁၀)ဧကကို စပါးချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ကြရာ တစ်ဧကအထွက်နှုန်း (၁၁.၂၉)တင်းနှုန်းထွက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)