မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းဆောင်ရွက်

မြိတ် အောက်တိုဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်  မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် စနစ်တကျမဲပေးတတ်စေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက အ-ထ-က(၁) ပညာ့ဗိမာန်ခန်းမတွင်  ပြုလုပ်ခဲ့သည်။

အသိပညာပေးရာတွင် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြားပြီး မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သိန်းဦးက အထွေထွေရွေးကောက်ပွဲဆိုင်ရာများနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်နှင့်   မဲပေးခြင်းလုပ်ငန်းများကို  မဲပေးစက်နည်းပြ ဦးသန်းဝင်းက ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ မဲပေးခြင်းလုပ်ငန်းစဉ်များအတိုင်း  မဲဆန္ဒရှင်ပြည်သူများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ မိသားစုဝင်များကို  လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် လွတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို  စတင်ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများအား ရပ်ကွက်/ကျေးရွာများကွင်းဆင်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ် မဲပေးခြင်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိသလို  မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေးမရှုံးဆုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၌ မဲစာရင်းများ ပထမအကြိမ် ကြေညာပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)