အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှု လျော့နည်းကျဆင်းစေရေးအတွက် ဦးတည်အုပ်စုများ သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းမှစ၍ တိုင်းရင်းသားပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၂) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့် ပြန့်သိရှိလိုက်နာကြစေရန်အတွက် ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    
Sep 15,2021
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ကိုဗစ်-၁၉ ကာလအတွင်း ဆရာတော်သံဃာတော်များနှင့် သီလရှင်များ ဆွမ်းကိစ္စ အဝဝတွက် အခက်အခဲမရှိစေရန်အတွက် ဆွမ်းဆန်တော်နှင့်ဆီတို့ကို ယမန်ရက်နေ့ နံနက်ပိုင်းက သွားရောက် ဆပ်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
Sep 15,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ခရိုင်လယ်ယာမြေနှင့်အခြားမြေများ သိမ်း ဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီမှ ခရိုင်ရုံးများမြေနေရာရှိ သိမ်းဆည်းခံ တောင်သူများအား မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ ခွဲအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တောင်သူများ လက်ဝယ်အရောက်မြေယာလျော်ကြေးပေးအပ်ပွဲအခမ်း အနားကျင်းပ ခဲ့ကြောင်း ညောင်ဦးခရိုင်စီမံ အုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံကသိရသည်။
Sep 15,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ကိုဗစ်ကော်မတီ၏အစီအစဉ်ဖြင့် စက်တင်ဘာ ၁၄ ရက်နေ့တွင်အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ် ကာကွယ်ဆေး(sinopharm)ထိုးပေးခဲ့ပါသည်။
Sep 15,2021
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm  ဆေးအလုံးရေ ၄၀၀၀ ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့ မွန်းတဲ့ ၁၂ နာရီခွဲက ရောက်ရှိသည်။
Sep 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre တွင် ယမန်‌‌နေ့မွန်းလွဲ (၁၂:၃၀) နာရီက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပခဲ့သည်။