အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2021
သရက်ချောင်းမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအား စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည် ၁ နာရီ အချိန်မှစ၍  ပန်းတောရပ်ကွက်ရှိ ကွမ်းအုံ မော်ကျောင်းတိုက် နှင့်ရွှေတောင်တောင်သစ်ကျောင်းတိုက်ရှိ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား မိုဘိုင်းစနစ်ဖြင့်  RDT Test  Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန် ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် ကွင်းဆင်းစစ်ဆေးပေးခဲ့ ကြောင်းသိရသည်။
Sep 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မုံးထမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရန်နှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်ရည်ရွယ်၍ စက်တင်ဘာ ၁၅ ရက်နေ့နံနက်ပိုင်းက ကိုဗစ်- ၁၉ ရောဂါကင်းစင်ဖို့ စနစ်တကျကာကွယ်စို့ အသိပညာပေးနံရံကပ် စာစောင်အား ပြသဆောင်ရွက်ခဲ့သည်။
Sep 15,2021
 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့တွင် စစ်ဆေး ချက်အရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာဦးရေ (၇) ဦးထပ်မံတွေ့ရှိ၍ ယနေ့အထိ ပိုးတွေ့ လူနာ(၈၃၉) ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
Sep 15,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင်    ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉  ရောဂါ ပြန့်ပွားမှုမရှိစေရေး စကောကရင်ဘာသာ၊ မြန်မာ ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် စတင်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ခရိုင်ဘေးအန္တရာယ ်စီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများ ပူး​ပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက် အသိပညာ​ပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကတ်များ ရရှိစေရန်အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် အမှတ်(၂) ခဲယမ်းမီးကျောက်တပ်ရင်းရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ် ပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမှတ်(၂)ခဲယမ်း မီးကျောက်တပ်ရင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
Sep 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အသက် (၁၀)နှစ်နှင့်အထက် နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မေလပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူး ဦး‌မောင်မောင်လွင်နှင့် ဝန်ထမ်းများမှ ခမရ(၁၀) ပေါက်တော တပ်နယ်သို့ ကွင်းဆင်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 15,2021
   တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်ခရိုင်၊မေတ္တာမြို့၌ ယမန်နေ့တွင် ကိုဗစ် - ၁၉ ရောဂါ ပိုး စစ်ဆေးရာတွင် (၁၂) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။