Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကွတ်ခိုင်မြို့၊ မြို့မ အ-ထ-ကကျောင်း၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကူးစက်ခံရမှု မရှိစေရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Feb 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့မအထကကျောင်း၌ ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်ခံရမှု မရှိစေရေး အသိပညာပေး ဟောပြော ပွဲ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ
Feb 25,2020
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သော ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် မိုးလုံ လေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်၌ (Novel Corona Virus) ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်
Feb 25,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်ကုသရေးဦးစီးဌာမှ ဝန်ထမ်းများတို့က (Novel Corona Virus) ကြိုတင်ကာကွယ်ရေး လုပ်ငန်းအဖြစ် ခရီးသည်ကားများနှင့် ကုန်တင်ယာဉ်များတွင် လိုက်ပါလာသော ခရီးသည်များတို့ကို ကျန်းမာရေးစစ်ဆေးခြင်းများ ဆက်လက်ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
Feb 25,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာဖြစ်သည့် ပန်တိန်းကျေးရွာအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီခွဲက ပန်တိန်းကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Feb 25,2020
မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းကာ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဖွင့်ပွဲ မယ်စဲ့ မြို့နယ်တွင် ကျင်းပ
Feb 25,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက် အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁၁) နာရီက မယ်ဆည်နမ်ကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲနှင့် မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် Wheel Chairs ပေးအပ်လှူဒါန်းခြင်း အခမ်းအနား တီးတိန်၌ ပြုလ…
Feb 25,2020
ချင်းပြည်နယ် တီးတိန်မြို့၌ အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးအသိပညာပေး ဟောပြော ပွဲနှင့် တီးတိန်မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် Wheel Chairs ပေးအပ်လှူဒါန်းခြင်းကို နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး (Dingdi Dream Organization နာယက) ဒေါက်တာအန်နာရွှေလွှမ်း ဦးဆောင်ပြီး မြို့မ BAG အသင်းတော်ဘုရားကျောင်း၌ ယမန်နေ့က ပြုလုပ် သည်။
အပြည့်အစုံ ဖတ်ရန်
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရပ်ရွာအခြေပြု စက်ချုပ်သင်တန်း မောက်မယ်၌ ဖွင့်လှစ်
Feb 25,2020
ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် အသက်မွေး ဝမ်းကျောင်းပြုနိုင်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ရပ်ရွာအခြေပြု စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက နမ့်ယွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25525
Page
25526
Page
25527
Page
25528
Current page
25529
Page
25530
Page
25531
Page
25532
Page
25533
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department