အမြို့မြို့အနယ်နယ်သတင်းများ

Mar 07,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးခန်းမတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံလက်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Mar 07,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသခံတောင်သူများ ဟင်းသီး ဟင်းရွက်များစနစ်တကျ စိုက်ပျိုးနိုင်ရန်အတွက် ဟင်းသီးဟင်းရွက်သီးနှံများ ပျိုးထောင်စိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ တောင်သူဦးစိုးပိုင် သီးနှံစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 07,2020
ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်၊ လမ်းညွှန်ချက်များနှင့် စီမံခန့်ခွဲမှုစနစ်များအပေါ် ပိုမိုနားလည်သိရှိနိုင်ရန်နှင့် ရှောင်ရန်၊ဆောင်ရန်များကို လေ့လာ မှတ်သား လိုက်နာနိုင်စေရန်အတွက် ယနေ့ နံနက် ၈ နာရီက ပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ရုံးဝန်ထမ်းများလုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၀)ဖွင့်ပွဲကို ကျင်းပသည်။
Mar 07,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မြန်ရောဂါ အကြောင်း သိရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်၍ စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်နှင့် အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယနေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 07,2020
​မော်လမြိုင်ခရိုင် ကျိုက်မ​ရာမြို့နယ်တွင် ​​ဆောင်းသီးနှံ နှင့်​နွေစပါးစိုက်ပျိုး​ကြမည့်​တောင်သူများအတွက် စိုက်ပျိုး​ရေးဦးစီးဌာနမှဦး​ဆောင်ကျင်းပ​သော ​တောင်သူနည်းပညာ​ပေး​ဟော​ပြောပွဲကို ယ​နေ့နံနက် ၉နာရီက ခရုံကျေးရွာအုပ်ချုပ်​ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။ ​ဟော​ပြောပွဲတွင်မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန ဦးစီးမှူး ဦးလှတင်​မောင်က ​ဆောင်းသီးနှံနှင့် နွေစပါးများစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးစေရန်နှင့် အသီးများ အောင်မြင်ဖြစ်ထွန်း​စေရန် မျိုး​ကောင်းမျိုးသန့်များကို ​ရွေးချယ်စိုက်ပျိုးရန်နှင့် ​မြေသြဇာများကိုလည်း အချိုးကျ သုံးစွဲရန် လိုအပ်​ကြောင်းရှင်းလင်း​ပြောကြားခဲ့သည်။
Mar 07,2020
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်နှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရွှေကူမြို့နယ် မဏိဩ ဂကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများဖြင့် တွေ့ဆုံခဲ့သည်။
Mar 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ သီပေါမြို့နယ် နမ့်လန် ကျေးရွာ စည်ပင်သာယာစျေးနှင့်ရပ်ကွက်များအတွင်းရှိ လူသုံးကုန်ပစ္စည်းဖြစ်သော ဆက်သွယ်ရေးပစ္စည်းအရောင်းဆိုင်၊ အိမ်သုံးပစ္စည်းအရောင်းဆိုင်၊ စတိုးဆိုင်နှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့အသိပညာပေးဆွေးနွေးခြင်းနှင့် စျေးကွက်စောင့်ကြည့်စုံစမ်းလေ့လာခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀နာရီ အချိန်ကဆောင်ရွက်ခဲ့သည်။
Mar 07,2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မယ်နင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။