နမ္မတူမြို့နယ်၌ (Physical Fitness Dance) ဆင့်ပွားသင်တန်း ဆင်းပွဲကျင်းပ

နမ္မတူ မတ် ၁၀

(Physical Fitness Dance) ဆင့်ပွားသင်တန်းဆင်းပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊‌ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၈)အခြေခံပညာ မူလတန်းလွန်ကျောင်း၌  ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ (Physical Fitness Dance)သင်တန်းအား နမ္မတူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မတ်လ (၃)ရက်နေ့မှ (၉)ရက်နေ့အထိ ရက်သတ္တတစ်ပတ် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် နမ္မတူမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်ရွှေမာက လီဆူး၊ ကချင်၊ ကြူဆော့ တိုက်ပွဲရှောင်စခန်း (၃)ခုနှင့် အမှတ်(၈) အခြေခံပညာမူလတန်းလွန်ကျောင်း အတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။  

လူမော် (ပြန်/ဆက်)