ကျီခါးမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး

ကျီခါး မတ် ၁၀

၂၀၂ဝပြည့်နှစ် ၊ မတ်လ (၁၁) ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွက် ဖြေဆိုခွင့်ကတ်ပြားများကို ယမန်နေ့ နံနက်(၉)နာရီက ချင်းပြည်နယ်၊ ကျီခါးမြို့ (အ.ထ.က) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ထုတ်ပေးလျက် ရှိကြောင်းသိရသည်။

ကျီခါးမြို့ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်  (အ.ထ.က)ကျီခါး ၊ (အ.ထ.က) ဟိုင်ကျင်း ၊ (အ.ထ.က)တွီးမွီ ၊ (အ.ထ.က)တွီးမာန်နှင့် အ.ထ.က ဒါရ်ခိုင်းစသည့် ကျောင်း (၅) ကျောင်းမှ ဖြေဆိုခွင့်လျှောက်ထားသူ ကျား(၁၁၂)ဦး ၊ မ(၁၄၂)ဦး စုစုပေါင်း (၂၅၄)ဦး ရှိကြောင်း ကျီခါးမြို့(အ.ထ.က)ကျောင်းမှသိရသည်။

ဆလိုင်းလိန်းမာန် (ပြန်/ဆက်)