Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တမူးမြို့တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Sep 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို စက်တင်ဘာ(၁၅) ရက်နေ့ နံနက်(၈)နာရီမှ စတင်၍ အမှတ်(၁)အခြေခံညာအထက်တန်းကျောင်းတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း စက်ရုံအလုပ်ရုံဝန်ထမ်းများနှင့် အသက် (၅၅-၆၄) အုပ်စုအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆေး…
Sep 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စက်ရုံအလုပ်ရုံဝန်ထမ်းများနှင့် အသက်(၅၅-၆၄) နှစ်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်များဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၄)၊ အ.ထ.က(၆)၊ မြို့တော်ခန်းမနှင့် မြို့နယ်ကျန်း မာရေး (TMO) ရုံးတို့တွင် ယနေ့ နံနက်ပိုင်းကစတင်၍ ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရှိရပါသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ရောဂါပျောက်ကင်းသူ(၁၀) ဦး ထပ်မံဆေးရုံဆင်းခွင့်ရ
Sep 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ(၁၀)ဦး ထပ်မံ ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဆင်း ၁၄ ပဲတီစိမ်းသည် အထွက်နှုန်းကောင်းသည့်အပြင် ဈေးလည်းကောင်း၍ စိုက်ပျိုးသူများ အဆင်ပြေ
Sep 15,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ဇရပ်ကြီးကျေးရွာမှ တောင်သူများသည် အထွက်နှုန်းကောင်းသော ရေဆင်း ၁၄ ပဲတီစိမ်းကို စိုက်ပျိုး၍ အထွက်နှုန်း ကောင်းသည့်အပြင် ဈေးပါကောင်းသောကြောင့် အဆင်ပြေလျက် ရှိကြကြောင်း ပဲတီစိမ်းစိုက် တောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက် ပထမအကြိမ် ထိုးနှံပြီးစီးခဲ့သူများအား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်…
Sep 15,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက် ဦးစားပေး အဆင့်များသတ်မှတ်ပြီး ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီး သူများကို ဒုတိယအကြိမ်ထပ်မံ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့န့နက် ၉ နာရီအချိန်က ရန်ကုန်ဘူတာကြီးတွင် မြို့နယ်တာဝန်ရှိသူများက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့ရှိ နယ်မြေခံတပ်ရင်းတွင် ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်
Sep 15,2021
ရခိုင်ပြည်နယ်၊ ဂွမြို့ရှိ နယ်မြေခံတပ်ရင်း ဖြစ်သည့် ခမရ(၅၆၃)တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု ဇယား နှင့်နိုင်ငံသားကတ်ပြားများ ကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်း၍ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာ မြို့နယ်တွင် (ဒုတိယအကြိမ်)ကာကွယ်ဆေး ထိုးနှံပြီးသူ ပေါင်း (၄၆၆၉) ဦးရှိပြီဖြစ်
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် သြဂုတ်လ(၁)ရက်နေ့မှ စက်တင် ဘာလ (၁၄) ရက်နေ့အထိ (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးသူများအား ဦးစားပေးအုပ်စုများအလိုက် ဩဂုတ်လ(၂၈)ရက်နေ့မှ စ၍ ထိုးနှံလျက်ရှိရာ စက်တင်ဘာလ (၁၃)ရက်နေ့ အထိ (ဒုတိယအကြိမ်) ကိုဗစ်ကာကွယ် ဆေးထိုးနှံပြီးသူ အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွား (၃၀၁၆)ဦး၊ ကျန်းမာရေးဝန်ထမ်း(၅၀)ဦး၊ စေတနာ့ဝန်ထမ်း(၅၆၁)ဦး၊ ဘုန်းကြီး၊ သီလရှင်(၆၆၄)ဦး၊ နိုင်ငံဝန်ထမ်း (၃၅၃)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု(၂၁)ဦး၊ အကျဉ်းသား(၄)ဦး၊ စုစုပေါင်း(၄၆၆၉)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံ့သားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများပေးအပ်
Sep 15,2021
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အမှတ် (၃)ရပ်ကွက်သို့ ပန်းခင်းစီမံချက် နိုင်ငံ့သားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25527
Page
25528
Page
25529
Page
25530
Current page
25531
Page
25532
Page
25533
Page
25534
Page
25535
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department