သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်အား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပ

ဘောလခဲ မတ် ၁၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ မြို့မ သာသနာပြု (ဗဟို) ကျောင်းဆရာတော်အား ကြိုဆိုဂုဏ်ပြုခြင်းကို ယမန်နေ့ညနေ (၆)နာရီက မြို့အဝင်၌ စတင်ကြိုဆိုပူ‌‌ဇော်ခဲ့သည်။

အဆိုပါ ကြိုဆိုပွဲကို‌ ဘောလခဲမြို့ ဓမ္မစကြာအဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရှမ်းစုစည်းယဉ်ကျေးမှုအဖွဲ့၊ ရှမ်းပိုင်းရပ်ကွက်နေ ပြည်သူများ၊ ကယားပိုင်းတိုင်းရင်းသား ယင်းတလဲလူမျိုးစု ယဉ်ကျေးမှုအဖွဲ့က စည်ကားသိုက်မြိုက်စွာ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

ဆရာတော်သည် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ မြို့မဗဟိုသာသနာပြု‌ကျောင်းတွင် သီတင်းသုံး နေထိုင်တော်မူသော ဘဒ္ဒန္တပညာ​​​​‌ ဇောတကို  နိုင်ငံတော်သမ္မတမှ သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရာ သဒ္ဒမ္မ‌ ဇောတိကဓဇဘွဲ့ တံဆိပ်တော် ရရှိခြင်း အထိမ်းအမှတ်အဖြစ် ကြိုဆိုဂုဏ်ပြု ပူ‌ဇော်ခဲ့ကြကြောင်း သိရသည်။

လှရွှေ