အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးမှုကို၊ ဆေးထိုးစုရပ်(၂)ခုတွင် စက်တင်ဘာ(၅)ရက်နေ့မှစ၍ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များနှင့်အညီ ထိုးနှံပေး လျက်ရှိရာ၊ စက်တင်ဘာ(၁၄)ရက်နေ့အထိ (၁၀) ရက်အတွင်း လူဦးရေ(၈၃၃၅)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Sep 15,2021
ကော့သောင်းမြို့တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မိုဘိုင်းအသွင် သဏ္ဍာန်ဖြင့် RTD ဖြင့်လိုက်လံစစ်ဆေးဖေါ်ထုတ်လျှက်ရှိရာ ယနေ့ နံနက်၁၀နာရီက ကျန်းမာရေးဌာနမှ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအား RTD ဖြင့် ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Sep 15,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး ပန်းခင်းစီမံချက်အကြောင်း ရှင်းလင်းခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Sep 15,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊‌ စေတနာ့ဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်များ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုကြောင့် အေးမြသာယာရပ်ကွက်တွင်နေထိုင်သော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး ပြန်လည်သက်သာလာသူ‌ ဒေါ်ခင်ဝင်းဆွေနှင့် ဦးဇေယျာသန့်တို့၏ ပြောကြားချက်ရင်တွင်း စကားသံကို ပြန်လည်ဖော်ပြလိုက်ပါသည်။
Sep 15,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ယမန်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သံသယ လူနာ(၂၆)ဦးအား RDT Test Kit ဖြင့် စစ်ဆေးချက် အရ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၄)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
Sep 15,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အတွင်း ဆောင်ရွက်လျက်ရှိပြီး ယမန်ရက်နေ့ နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ ထန်းတပင် မြန်မာအထည်ချုပ်စက်ရုံတွင် မြို့နယ် အတွင်းရှိ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ(၄)ရုံတို့မှ အလုပ်သမားများကို ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 15,2021
ဟားခါးမြို့တွင် ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး‌တွေ့လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှု ခံယူနေသည့် ပိုးတွေ့လူနာများအနက် ၂၀ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံးဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
Sep 15,2021
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုး ရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်း ကြည့်ရှု ခဲ့ကြသည်။