မိုင်းရှူးမြို့၌ အသက် (၄၀) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ပထမအကြိမ်ထိုးနှံ

မိုင်းရှူး စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့ပေါ် ရပ်ကွက်(၁)၊(၂)နေ အသက်(၄၀)နှစ် အထက် ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရ‌သေးသည့် ပြည်သူများကို ပထမအကြိမ်ထိုးနှံပေးခြင်း ကို ယနေ့နံနက် ၉ နာရီအချိန်က ရပ်ကွက်(၁)၊ တရုတ်ဘုံခန်းမတွင် ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးရာတွင် အသက်(၄၀)နှစ်နှင့်အထက်၊ အစိုးရ ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများ၊ ဘုန်း ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့်သာသနာ့ ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်းနှင့်အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများ၊ အကျဉ်းထောင်/အချုပ် ထောင်မှ အကျဉ်းသားများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ Super Market/ စေျေးများ၊ မသန် စွမ်းသူများ၊ EAO များ၊ ရွှေ့ပြောင်းလူအုပ်စု များနှင့် ယာယီစခန်းများ၊ နာတာရှည် ရောဂါရှိသူ များအား ထိုးနှံပေး​ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံ ရာတွင်ကျန်းမာရေး ဝန်ထမ်းများနှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများမှ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆေးထိုးရန်လာရောက်သော ပြည်သူများအား ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီး ကျန်းမာရေး ကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စနစ်တကျထိုးနှံ ပေးခဲ့ကြကြောင်းနှင့် ကာကွယ်ဆေးမထိုးရသေး သူများအား ရပ်ကွက်/ ကျေးရွာအလိုက် သတ်မှတ်ရက်များတွင် ဆက်လက်ထိုး နှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)