သာကေတ စက်တင်ဘာ ၁၉
ရာသီတုတ်ကွေးရောဂါ ဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အောင်မော်စံစာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်များနှင့် လူပုဂ္ဂိုလ် အချို့အား ယနေ့နံနက် (၁၀) နာရီတွင် အောင်မော်စံစာသင်တိုက်၌ ရာသီတုတ်ကွေး ကာကွယ ဆေးအား ထိုးနှံပေးခဲ့သည်။
ရာသီဥတုပြောင်းလဲမှုအပေါ် အခြေခံ၍ ဖြစ်ပေါ်လျက်ရှိသည့် ရာသီတုတ်ကွေးရောဂါအား ကာကွယ်နိုင်ရန် ရည်ရွယ်၍Three Friends Co.Ltd မှ တာဝန်ရှိသူနှင့် စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေသူ ဦးကိုကိုလေးတို့မှ ဆေးအလှူဒါနပြုမှုဖြင့် အောင်မော်စံ စာသင်တိုက ဦးစီပဓာန နာယကသာကေတမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တအာစိဏ္ဏ (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ သာသနဓဇဓမ္မစရိယ၊ ပရိယတ္တိ သာသနဓဇဓမ္မစရိယ) နှင့် ဒုတိယ နာယကဘဒ္ဒန္တသောသန (မဟာဂန္တဝါစကပဏ္ဍိတ၊ သာသနသက္ကသီ လဓမ္မစရိယ) အပါအဝင် သံဃာတော် အရှင်သူမြတ်(၉၀)ပါး၊ ဝေယျဝစ္စကုသိုလ်ပြုသူ လူပုဂ္ဂိုလ်(၁၂)ဦး၊ စံတော်ချိန်နေ့စဉ်ထုတ် သတင်းစာ၌ ပါဝင်ရေးသားကြသည့် စာရေးဆရာ(၁၈)ဦးတို့အား ထိုးနှံပေးခဲ့သည့် ဆေး(၁၂၀) လုံးအား အလှူဒါနပြု၍ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)