ကော့သောင်း စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် နိုင်ငံတေ်မှ တတိယအကြိမ်အဖြစ်ရရှိသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ဖြင့် ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ မြို့နေပြည်သူများအား ယနေ့က ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ယခုအကြိမ် ထိုးနှံခြင်းသည့် ကော့သောင်းမြို့နယ်အတွင်း တတိယအသုတ်အဖြစ် ထိုးနှံပေးခြင်း ဖြစ်သည်။
ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက သံဃာတော်နှင့်သီလရှင်များ၊ သက်ကြီး ရွယ်အိုများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အသက်(၁၈)နှစ်နှင့်အထက် မြို့နေ ပြည်သူများ အပါအဝင် လူဦးရေစုစုပေါင်း(၅၄၂၅) ဦးအား ပထမအကြိမ်ရရှိသည့် အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေးဖြင့် (၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးနိုင်ခဲ့ပြီး ဒုတိယအကြိမ် ရရှိသည့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ဖြင့် လူဦးရေ(၄၃၀၀)အား ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ယခုနိုင်ငံတော်မှ တတိယအကြိမ်ရရှိသည့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ဖြင့် မြို့နေ့ပြည်သူ့အလွှာများဖြစ်သည့် အသက် ၅၀နှင့်အထက် မိဘပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ဝေဒနာရှင်များ၊ ဈေးဆိုင်ရောင်းချသူများအား ဦးစားပေးအဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး