ကွန်ဟိန်းမြို့၌ အသက်(၁၈)နှစ်အထက်ပြည့်သူများနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ကွန်ဟိန်း စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား စုရပ်များခွဲ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၈) နာရီ (၃၀) မိနစ်အချိန်ခန့်မှ စတင်၍ စုရပ် ၃ ခုခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စစ်ဗျူဟာအဖွဲ့အခြေချ (ကွန်ဟိန်း) ဆေးတပ်ဖွဲ့နှင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ အသက်(၁၈) နှစ်အထက် ပြည့်သူများနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများအား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အလက(ခွဲ)မ-၁၊ အ-မ-က(၃)ကျောင်းများ၌ ဆေးထိုးစုရပ်များ ထားရှိ ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့်(ကွန်ဟိန်း)