မုဒုံ စက်တင်ဘာ ၁၉
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျင်မြန်ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၅ နာရီက မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့တွင်း လူစည်ကားသည့်နေရာများနှင့် လမ်းဆုံလမ်းခွနေရာတို့တွင် လိုက်လံနှိုးဆော်သည်။
အသိပေးနှိုးဆော်ချက်တွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ Face Shield ကို စနစ်တကျ တပ်ဆင်သွားကြရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ အပြင်မှပြန်လာပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာအောင်ဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ကြရန်၊ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ ဈေးရောင်းစျေးဝယ် မပြုလုပ်ကြရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကို မပျက် မကွက် ထိုးနှံပေးကြရန်စသည့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကာကွယ်ရေး စည်းကမ်းချက်အတိုင်း လိုက်နာခြင်းဖြင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြပါရန် အသိပေးတိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)