စစ်တွေ စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ပြည်နယ်ဥဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး၊ အငယ်တန်းစာရေးနှင့် ဒုတိယလက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး လစ်လပ်ရာထူးနေရာများတွင် ကွန်ပျူတာနှင့် လူတွေ့စာမေးပွဲ ဖြေဆိုနေမှုအား လှည့်လည် ကြည့်ရှုအားပေးကြသည်။
ထိုသို့လှည့်လည်ကြည့်ရှုအားပေးစဉ် ပြည်နယ်လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုး၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဇော်ထွန်းနှင့် တာဝန်ရှိသူများက လက်တွေ့ကွန်ပျူတာ ဖြေဆိုနေမှုနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသကြသည်။ ထို့နောက်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) စာဖြေဌာနတွင် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး၊ အငယ် တန်းစာရေးနှင့် ဒုတိယ လက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး လစ်လပ်ရာထူးနေရာများတွင် ဖြေဆိုသူ ၄၂၈ ယောက်ရှိပြီး ယနေ့တွင် ကွန်ပျူတာဖြေဆိုသူ ၁၉၈ ယောက်၊ လူတွေ့ ဖြေဆိုသူ ၂၃၀ ဖြစ်ပြီး ယမန်နေ့က ကွန်ပျူတာဖြေဆိုသူ ၂၃၀ နှင့် လူတွေ့ဖြေဆိုသူ ၁၉၈ ဖြေဆို လျက်ရှိသည်။
အဆိုပါ ဖြေဆိုသူများသည် ဩဂုတ်လ ၂၈ ရက်နေ့တွင် ရေးဖြေ ဖြေဆိုပြီး အောင်မြင်သူများကို ကွန်ပျူတာနှင့်လူတွေ့ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)