မိုးစပါးအထွက်နှုန်းတိုးတက်ရေးနှင့် မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး နည်းပညာပေး သင်တန်းဖွင့်

ဒီပဲယင်း စက်တင်ဘာ ၁၉ 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒီပဲယင်းမြို့နယ်တွင်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးသီးနှံများ အထွက်နှုန်းတိုးတက်ရေးနှင့် မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တောင်သူနည်းပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအေးမင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။ ဆက်လက်ပြီး ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဓာတ်‌မြေ ဩဇာမြေဆီစျေး မြှင့်တက်နေ၍ စိုက်ပျိုးထားသောစပါးစိုက်ခင်းများ စိုက်ပျိုးထုတ်လုပ်မှုတွင် အရှုံးပေါ်မှုမရှိစေရေးအတွက် တစ်ဧကထွက်နှုန်းတိုးတက်စေရန် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ် (၁၄)ချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ သဘာဝမြေဩဇာများ ပြုလုပ်ပြီး အချိုးကျ တွဲဘက်၍အသုံးပြုကြစေရန်နှင့် ဝါသီးနှံအထွက်နှုန်း တိုးတက်စေရန် လိုက်နာဆောင်ရွက်ရမည့် ဝါအထွက်တိုး (၁၀)ချက်နှင့်အညီ စနစ်တကျ စိုက်ပျိုးပြုစုဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပေးပြီး တက်ရောက်လာသော သင်တန်းသားများ၏  မေးမြန်းချက်များကို မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးအေးမင်ထွန်းက  ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

အဆိုပါ သင်တန်းသို့ မြို့နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ၆ ဦး၊  အကျိုးဆောင်တောင်သူ ၂၀ ဦးနှင့် စိုက်ပျိုးပညာပေးကွင်းဝန်ထမ်း ၁၇ ဦး စုစုပေါင်း ၄၃ ဦး တက်ရောက်ခဲ့ကြပြီး အကျိုးဆောင်တောင်သူများအား ရွက်ဖျန်းမြေဩဇာနှင့် စိုက်ပျိုးစရိတ် လုပ်အားခများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက် )