အောင်မြေသာစံမြို့နယ်တွင် အများပြည်သူသွားလမ်းမပေါ်၌ လုံးပတ်(၂)ပေပတ်လည်ခန့်ရှိ သန္နပ်ပင်တစ်ပင် လဲပြိုကျမှု ဖြစ်ပွား

မန္တလေး စက်တင်ဘာ ၁၉

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား၊ ၆၅ လမ်း၏ အရှေ့ဘက်တွင် အများပြည်သူသွားလမ်းမပေါ်၌ ယနေ့နံနက် ၈ နာရီခွဲခန့်က လုံးပတ် (၂) ပေပတ်လည်ခန့်၊ အမြင့်ပေ(၃၀)ခန့်ရှိ သန္နပ်ပင်တစ်ပင်မှာ အောက်ခြေအမြစ်များ‌ဆွေးမြေ့ပြီး လဲပြိုကျခဲ့သဖြင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သန္နပ်ပင်လဲပြိုမှု သတင်းအရ အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီမှူး ဦးမြင့်ခိုင် ဦးဆောင်၍ ဒုတိယဦးစီးမှူး ဦးဇေကိုကိုပိုင်၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲ (၄) တပ်ခွဲမှူးကျော်ဝင်းနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၁၀) ဦးတို့က အုပ်ချုပ်မှုယာဉ် (၁) စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ရှင်းလင်းကြရာ နံနက်၉နာရီ၁၅မိနစ်တွင် ရှင်းလင်း ပြီးစီးခဲ့သဖြင့် လမ်းပိတ်ဆို့မှု မရှိတော့ကြောင်းသိရပြီး အဆိုပါသစ်ပင်ပြိုလဲမှုကြောင့် အဆောက် အအုံ၊ လူနှင့်တိရစ္ဆာန်များ ထိထိုက်ပျက်ဆီးမှုမရှိကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)